လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က သူ့ရဲ့ လီဗာပူးနေ့ရက်တွေမှာ အကောင်းဆုံးလို့ မြင်တဲ့ လက်မှတ်ထိုးမှု ၃ ခုအကြောင်းကို အခုလို ပြောပြသွားပါတယ်။
စတီဗင်ဂျရတ်က ” ကျနော်ရဲ့ လီဗာပူး ကစားသမားဘဝမှာ ဒီကစားသမား ၃ ယောက်က ထူးချွန်ခဲ့ပါတယ်။ သူတို့ အားလုံးက စပိန်စကားပြောတွေပါ။ တစ်ယောက်ချင်းတိုင်းဟာ ကျနော်နဲ့ လီဗာပူးပရိသတ်တွေကို ခံစားချက်တွေ ပေးခဲ့သူတွေဖြစ်ပါတယ်။
သူတို့ကတော့ ဖာနန်ဒို တောရက်စ်၊ ဇာဗီ အလွန်ဆိုနဲ့ လူးဝစ် ဆွာရက်စ်တို့ ဖြစ်ပါတယ်။ ၂၀၀၄ ဩဂုတ်လမှာ အတူလေ့ကျင့်ရေး ဆင်းပြီးတည်းက အလွန်ဆိုဟာ သိပ်တော်သိပ်ထက်တာ ရှင်းပါတယ်။
ဆွာရက်ဇ်ကလည်း ပြေးလွှားနိုင်ပြီး ဖိအားပေးနိုင်တယ်၊ ဘောလုံးကို ကြိုးစား တိုက်ခိုက်နိုင်တယ်၊ ဆက်တိုက် ပြေးလွှားနိုင်တာမို့ မယုံနိုင်စရာ လှုပ်ရှားမှုတွေနဲ့ ဂိုးတွေ သွင်းယူနိုင်ပါတယ်။
လူးဝစ်နဲ့အတူ တွဲကစားချိန်မှာ မှော်ဆန်တဲ့ အခိုက်အတန့်တွေ ရရှိခဲ့ပါတယ်။ သူ့ရဲ့ ထူးချွန် အရည်အချင်းတွေကြောင့် ကျနော်ကိုတောင် အဝေးကို လွှင့်စင်စေခဲ့ပါတယ်။
ဖာနန်ဒိုက လူးဝစ်လောက်နီးနီး ကောင်းမွန်သူပါ။ သူနဲ့ ၂ နှစ်လောက်အတူ တွဲကစားရချိန်မှာ ကိုယ့်အသင်းက အရမ်းကို အင်အားကြီးတယ်လို့ ခံစားမိစေခဲ့ပါတယ်။ သူ ဘယ်နေရာမှာ ရှိနေမယ်၊ သူရဲ့ နောက်ထပ် လှုပ်ရှားမှုက ဘာဖြစ်မယ်ဆိုတာကို ကျနော် အမြဲတမ်း ခံစားမိနေပါတယ်။
ဒါပေမယ့်လို့ လူးဝစ်ကတော့ ပိုထူးချွန်ပါတယ်။ ကွင်းတစ်ခုလုံးကို ပြေးလွှားပြီး ဂိုးတွေ သွင်းယူနိုင်တယ်၊ ဂိုးအတွက် ဖန်တီးနိုင်တယ်။ သူက မာကျောပြီး ရင်ဆိုင်ရ ခက်ခဲပါတယ်။ လူးဝစ် ဆွာရက်ဇ်နဲ့ဆိုရင် ကမ္ဘာပေါ်က အသင်းတိုင်းကို အနိုင်ယူဖို့ အခွင့်အရေး ရှိပါတယ် ” လို့ ပြောဆိုသွားပါတယ်။