သတင်းထောက်ကို လည်ပင်းညစ် လက်သီးထိုးပြီး နှုတ်ဆက်တဲ့ ကလော့ပ်၊ အပြောင်းအရွှေ့ ကိစ္စ အနည်းငယ်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

Anfield Road ပွဲကြည့်စင် အထက်ပိုင်းကို မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့ ပွဲက စတင်လို့ ဖွင့်လှစ်သွားမယ့်အကြောင်း လီဗာပူးစီအီးအိုက ကြေညာလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဂက်ပိုကို ၄၈ နာရီအတွင်း ခေါ်ယူခဲ့သလိုပဲ ဇန်နဝါရီမှာ မြန်ဆန်တဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု တစ်ခု ပြုလုပ်နိုင်တယ်လို့ ရိုမန်နိုက ဆိုပါတယ်။

၂၀၂၄ မှ ဘောလုံး ပြန်ကစားနိုင်မယ့် ဘာ့ဂျ်ဆီတစ်၊ သီယေဂိုနဲ့ ရော်ဘတ်ဆန်၊ ဘရတ်ဒလေကလွဲရင် အသင်းသား ၂၇ ဦးဟာ မန်စီးတီးပွဲကြို လီဗာပူး လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ကြပါတယ်။

မန်စီးတီးကို ရင်ဆိုင်ရာမှာ ဖိုင်နယ်ပွဲ တစ်ပွဲလို စိတ်ထားမျိုးဖြင့် ချဉ်းကပ်သွားမယ့် အကြောင်း ကိုစတက်က ထုတ်ပြောခဲ့ပါတယ်။

အက်ဆာလေ့ကျင့်ရေးကို စကိုင်းစပေါ့ သတင်းထောက် Vinny O’Connor လာရောက်ချိန်မှာ ကလော့ပ်က သူ့ကို လည်ပင်းညစ် အရှိုက်ကို လက်သီးနဲ့ ထိုးပြီးမှ ‘Thank you for the 12.30!’ ဆိုပြီး နှုတ်ဆက်ခဲ့ပါတယ်။

နိုင်ငံတကာ သီတင်းပတ်မှာ ဒဏ်ရာရ မန်စီးတီး ကစားသမားတွေဖြစ်တဲ့ အီဒါဆန်၊ အကီ၊ ဂိုးမက်စ်၊ ရိုဒရီ၊ ဟာလန်းတို့ အားလုံး လေ့ကျင့်ရေး ပြန်ဝင်ပြီဖြစ်ပါတယ်။

ပဲလေစ့်နည်းပြ ရွိုင်ဟော့ဆန်က သူတို့အသင်းအတွက် ဆိုဘိုစလိုင်လို ကွင်းလယ်မျိုးကို ရချင်လိုက်တာလို့ ထုတ်ပြောခဲ့ပါတယ်။

Al Ittihad ဥက္ကဋ္ဌကတော့ နွေတုန်းက သူတို့ ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ဆာလာအကြောင်း အသေးစိတ် ကိစ္စတွေကို ထုတ်ပြောမယ်လို့ ဆိုလာပါတယ်။