စနေအစောပွဲရှိခြင်း၊ မာကာကို နံပါတ် ၆ နေရာက ပွဲထုတ်မည်၊ ဘရာဇီး ခံစစ်မှူးရဖို့ ရေပန်းစားခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

မန်စီးတီးကို ရင်ဆိုင်မယ့် ဒီညပွဲမှာ ဆာလာ၊ ဒါဝင် အတွဲကို ထုတ်သုံးဖို့ တောင်းဆိုမှု အတော်လေး မြင့်တက်နေပါတယ်။

မာကာဟာ ဒီည စီးတီးပွဲမှာ နံပါတ် ၆ နေရာက ပွဲထွက်မှာဖြစ်ပြီး လူအများ မြင်နေသလို ကစားသမား တစ်ဦးဟာ ဒီနေရာမှာပဲ ကစားမယ် ဟိုနေရာမှာပဲ ကစားမယ် ဆိုတာထက် အသင်းလိုက် ပူးပေါင်းကစားကြရတာလို့ ကလော့ပ်က ဆိုပါတယ်။

အသင်းရဲ့ လက်ရှိ ခြေစွမ်းကို ဆက်ထိန်းပြီး မေလအထိ အမြင့်ဆုံး ပုံစံကောင်းတွေ ဆက်လက် ပြသနိုင်ရမယ်လို့ ထရန့်က အသင်းဖော်တွေအား သတိပေးပါတယ်။

မန်စီးတီးပွဲမှာ ဆာလာဟာ လီဗာပူး ကစားသမားဘဝ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀၀ ကို ပြည့်မြောက်ဖို့ အခွင့်အရေး ရှိနေပါတယ်။

လီဗာပူးဟာ မန်စီးတီးအတွက် အကောင်းဆုံး ပြိုင်ဘက်ပါ၊ ထိပ်တန်းအသင်း၊ ထိပ်တန်းပြိုင်ဘက် ဖြစ်ပါတယ်လို့ ပွဲကြိုမှာ ဂွာဒီယိုလာက မှတ်ချက်ပေးပါတယ်။

အီသီဟက်မှာ လီဗာပူးအသင်း ရလဒ်တစ်ခု ယူနိုင်မယ်ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်လိမ့်မယ်လို့ ကာရေဂါက သုံးသပ်ပါတယ်။

လီဗာပူးက ဆာနေးရဲ့ အခြေအနေကို လေ့လာကြည့်မှု ပြုလုပ်ခဲ့ဟန်ရှိပြီး ကစားသမားဘက်က ဘိုင်ယန်မြူးနစ်နဲ့ စာချုပ် သက်တမ်းတိုးဖို့ ဦးစားပေးမယ် ဆိုတာကို နားလည်ထားပါတယ်။

နောက်ရာသီ ဝတ်ဆင်မယ့် အိမ်ကွင်း ဒီဇိုင်းဟာ ပရီးမီးယားလိဂ်ဖလား အနိုင်ရခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဂျာစီ ဒီဇိုင်းကို ဆင့်ပွားထားတာဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်နေပါတယ်။

ဘရာဇီးကလပ် São Paulo အသင်းမှ အသက် ၂၀ အရွယ် ဘယ်ခြမ်း ခံစစ်မှူး Lucas Beraldo ကို ခေါ်ယူနိုင်ရေး လီဗာပူးအသင်းက ရေပန်းစားပါတယ်လို့ ဘရာဇီး သတင်းတွေက ဆိုပါတယ်။