ကစားပုံကောင်းပြီး ရှုံးခဲ့တဲ့ အကြိမ်မှ အများကြီး သရေတစ်မှတ်ကို ကျေကျေနပ်နပ် ယူတယ်လို့ ထရန့် ထုတ်ပြော

မန်စီးတီးကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားပြီး သရေတစ်မှတ်ရခဲ့တာကို ပျော်ပျော်ကြီး ယူသွားမယ်အကြောင်း ထရန့်က ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းဟာ နောက်က လိုက်ကစားခဲ့ရပေမယ့် ဒီရာသီ တိုက်စစ်ပုံစံကောင်းကို ဆက်လက် ပြခဲ့ကာ ခြေပဂိုးတစ်ဂိုးကို ယူနိုင်ခဲ့ပါတယ်။ ထရန့်ရဲ့ သွင်းဂိုးဟာ ဇယားထိပ်က မန်စီးတီးနဲ့ တစ်မှတ်အကွာမှာ ဆက်ရှိနေဖို့ လုံလောက်စေခဲ့ပါတယ်။

” မနှစ်ကထက် သေချာပေါက် ပိုကောင်းလာပါတယ်။ အီတီဟက်မှာ ကျနော်တို့ ရလဒ်ကောင်းတွေရလေ့ မရှိပါဘူး။ တစ်မှတ်ရတာ ကောင်းတာပါပဲ။ ကျနော်တို့ အရမ်းကို ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ မပြနိုင်ခဲ့ပေမယ့် တစ်မှတ်တော့ ယူနိုင်ခဲ့ပါတယ်။

အကောင်းမြင်စရာတွေရှိပြီး ပွဲကို နိုင်ဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ အရင်တုန်းက စီးတီးကို ရင်ဆိုင်ပြီး ကစားပုံကောင်းခဲ့တဲ့ အကြိမ်တွေ မနည်းပါဘူး။ ပွဲကိုတော့ ရှုံးခဲ့ပါတယ်။ ဒီပွဲမှာ တစ်မှတ်ရခဲ့တာက ကျနော်တို့ လိုအပ်နေတာပါပဲ။

ကစားပုံ မကောင်းရင်တောင် ရမှတ်ယူနိုင်မယ်လို့ ယုံကြည်လာတယ်။ သရေတစ်မှတ်ရတယ် ဆိုတာက ကိုယ်ကောင်းကောင်းလုပ်နိုင်လို့ပါပဲ ” လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။

ဂိုးသွင်းဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်လို့ ထရန့်ကပဲ –

” ကျနော် ဘောလုံးရလိုက်ပြီး ရှေ့မှာ လူရိပ်တွေ မြင်လိုက်ပါတယ်။ ဂိုးသွင်းဖို့ ကြိုးစားကြည့်လိုက်တယ်။ ဂိုးထောင့်အောက်ကို ဝင်သွားတာအတွက် ကျေနပ်ရပါတယ်။ ကျနော်တို့ ဒီဂိုးလိုနေတာပါ။ ဂိုးနဲ့အတူ သရေတစ်မှတ် ရခဲ့တာ ဖြစ်ပါတယ် ” လို့ ပြောပြသွားတာ ဖြစ်ပါတယ်။