ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာ လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ ၁-၁ သရေကျခဲ့ပြီး ဂိုးတွေကတော့ ပထမပိုင်းမှာ မန်စီးတီးအတွက် ဟာလန်းနဲ့ ဒုတိယပိုင်းမှာ လီဗာပူးအတွက် ထရန့်တို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။
မနေ့ညကပွဲအတွက် လီဗာပူးပရိသတ်တွေ ရွေးချယ်တဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ထရန့်က ရရှိသွားပါတယ်။
Clinical, @TrentAA 💥 pic.twitter.com/eZnTu89w9x
— Liverpool FC (@LFC) November 25, 2023
ပြိုင်ဘက်အသင်းရဲ့ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ သွားရောက် အောင်ပွဲခံရတာက ပျော်စရာကောင်းတယ်လို့ စီးတီးပွဲမှ ခြေပဂိုးရှင် ထရန့်က ပြောလာပါတယ်။
မန်စီးတီးပွဲကို လူးဝစ် ဒီယက်ဇ်ရဲ့ မိသားစုဝင်တွေ တက်ရောက် ကြည့်ရှုနိုင်ခဲ့တာအတွက် ပျော်ရွှင်မိတယ်လို့ ကလော့ပ်က မှတ်ချက်ပေးပါတယ်။
တိုက်စစ်မှူး ဂျိုတာနဲ့ ဂိုးသမား အယ်လီဆန်တို့ဟာ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပေမယ့် ဘယ်လောက် ပြင်းထန်လဲ မသိရသေးပါဘူး။
မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဒါဝင် နူးညက်စ်နဲ့ ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူးလို့ မီဒီယာတွေ့ဆုံမှုမှာ ဖြေဆိုသွားပါတယ်။ လီဗာပူးအသင်း ကစားသွားတာ အတော်လေး ထူးချွန်ပါကြောင်းတော့ ဝန်ခံသွားပါတယ်။
မန်စီးတီး တောင်ပံသမား ဒိုကူဟာ လီဗာပူးကို ရင်ဆိုင်ရာမှာ ၁၁ ကြိမ်တောင် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ကစားသမား တစ်ဦး လုပ်နိုင်တဲ့ အမြင့်ဆုံး အရေအတွက်ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ဆာလီဘာနဲ့ ဂါဘရီရယ်အတွဲဟာ လီဗာပူး ခံစစ်ထက် ပိုတောင့်တင်းခြင်းကြောင့် ပရီးမီးယားလိဂ်ဖလား ရနိုင်ချေ ပိုမြင့်မားတယ်လို့ ဖာဒီနန်က ဆိုပါတယ်။