ကလော့ပ်ကို စွဲချက်တင်ပြီဖြစ်တဲ့ အက်ဖ်အေ၊ ရာသီကုန်ထိ နားရမယ့် သီယေဂို၊ ဗေဂါ၊ အူဂါတီ၊ အယ်လစ္စတာ အပြောင်းအရွှေ့ ကိစ္စနဲ့ လီဗာပူး သတင်းတိုများ

သီယေဂိုဟာ ဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ရမှာ ဖြစ်တာကြောင့် လီဗာပူးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေ အားလုံးကို လွဲချော်သွားပြီ ဖြစ်ပါတယ်။

အက်ဖ်အေက စပါးပွဲမှာ ဘက်လိုက်တယ်လို့ တီယာနေးကို ဝေဖန်ခဲ့တာအတွက် အရေးယူခံရမှာဖြစ်ပြီး သောကြာနေ့ နောက်ဆုံးထားကာ အယူခံဝင်ခွင့် ပေးမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီနွေမှာ လီဗာပူးအသင်း ချိတ်ဆက်မယ့် ပထမ ဦးစားပေး ကွင်းလယ်လူ စာရင်းမှာ ဘရိုက်တန်မှ အယ်လစ္စတာ ပါဝင်ပါတယ်လို့ Paul Joyce က အတည်ပြုပါတယ်။

လီဗာပူးအသင်းဟာ ဆယ်တာဗီဂို ကွင်းလယ်လူ ဂါဘရီ ဗေဂါကို ဥရောပ ထိပ်သီးအသင်းတွေနည်းတူ စိတ်ဝင်စားနေပေမယ့် ချဉ်းကပ်မှုတော့ မရှိသေးပါဘူး။

ကြားရက်မှာ လီဗာပူးက ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အယ်လီးယော့က အသင်းဟောင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်တစ်ခုမှာ ရပ်တည်နိုင်သင့်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဂက်ပိုဟာ အထောင်တိုက်စစ် နေရာမှာ သင့်လျော် အံဝင်သူလို့ ကလော့ပ်က ထုတ်ပြောခဲ့ပြီး နယ်သာလန်သားကို တိုက်စစ်ရဲ့ ဗဟိုချက်မ နေရာမှာပဲ ဆက်သုံးဖို့ သတင်းပါးလာပါတယ်။

အူဂါတီနဲ့ ပတ်သက်ပြီး သတင်းတွေ ကြီးနေပေမယ့် လီဗာပူးရဲ့ ပစ်မှတ်တွေထဲမှာ ၎င်းက ထိပ်ဆုံး စာရင်းထဲ မပါသေးပါဘူးလို့ အပြောင်းအရွှေ့ဆိုင်ရာ The Times က ဖော်ထုတ်လာပါတယ်။

တိုက်စစ်မှူး ဂျိုတာဟာ ဒဏ်ရာကြောင့် ဖူလ်ဟမ်ပွဲကို လွဲချော်သွားဖွယ် ရှိနေပါတယ်။ သူဟာ စပါးပွဲ မတိုင်ခင်တည်းက ကြံ့ခိုင်မှု ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

အသင်းရဲ့ လေ့ကျင့်ရေးမှာ ဖာမင်နိုနဲ့ ကိတ်တာတို့ ပြန်ပါလာပေမယ့် ဖူလ်ဟမ်ပွဲကို သေချာပေါက် လွဲချော်သွားဦးမှာပါ။

လီဗာပူး လူငယ် ကွင်းလယ်လူ ကလာဆန်ကို အပြီးသတ် လက်မှတ်ထိုးရေး ဆဲလ်တစ်နဲ့ ရိန်းဂျား နှစ်သင်းလုံးက ဒီနွေမှာ ကမ်းလှမ်းလာဖို့ ရှိပါတယ်။