မန်စီးတီးက ကွင်းလယ်ကနေ မဖောက်ခဲ့ဘူးလို့ ပွဲအပြီး သုံးသပ်သွားတဲ့ ထရန့်

လီဗာပူးနဲ့ မန်စီးတီးအသင်း ကွင်းလယ်တွေမှာ အရည်အချင်းပြည့်တဲ့ ကစားသမားတွေ ရှိပေမယ့်လို့ မနေ့ကပွဲမှာ ကွင်းလယ်ကနေ ဖောက်ထွက်ဖို့ကို အဓိက မကြိုးစားခဲ့ဘူးလို့ ထရန့်က ဆွေးနွေးခဲ့ပါတယ်။

ကွင်းလယ်မှာ ဘောလုံးကစားရမှာကို နှစ်သင်းလုံးက စိုးရိမ်ခဲ့ကြတာကြောင့် တောင်ပံ နေရာတွေကနေ ထိုးဖောက်ဖို့ကို ပိုအလေးပေးခဲ့ပါတယ်။ မန်စီးတီးက ဒိုကူရဲ့ တောင်ပံ ဖောက်ထွက်မှုကိုတွေကို အလေးပေးခဲ့သလို လီဗာပူးကလည်း ဆာလာတို့နဲ့ တောင်ပံကိုပဲ အဓိက ဖြန့်ကစားခဲ့တာပါ။

ထရန့်ကပဲ ” မန်စီးတီးက ကျနော်တို့ကို ချိုးဖျက်ဖို့ အဓိကအားဖြင့် ဘယ်ခြမ်းနဲ့ ညာခြမ်း အစွန်တွေကို သုံးခဲ့တယ်လို့ ထင်ပါတယ်။ သူတို့က ကျနော်တို့လိုပဲ ကွင်းလယ်ကနေ ဖောက်ထွက်ဖို့ မလုပ်ခဲ့ပါဘူး။

ဒီလိုပွဲက ကွင်းလယ်ကနေ ထိုးဖောက် ကစားရမယ့်ပွဲမျိုး မဟုတ်ဘူးလေ။ အစွန်တွေနားကနေ ကျော်ဖြတ်ပြေးဖို့ ပိုပြီး အားထုတ်ခဲ့ရတာပါ။

သူတို့က ကစားသမားတွေ အများကြီးကို အဲ့နေရာတွေပို့ထားပြီး ဘောလုံးကို ကောင်းကောင်းပြောင်းလဲ ကစားခဲ့သလို ဘောလုံး ကိုင်နိုင်စွမ်း ရှိတဲ့ သူတွေကိုလည်း သုံးခဲ့ပါတယ်။ မန်စီးတီး ကစားသမားတွေ အနား ကပ်ရတာကလည်း သိပ်ခက်ခဲခဲ့တယ်။

ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပိုကောင်းခဲ့ပြီး သူတို့ကို ရင်ဆိုင်ရင်း ရနိုင်တဲ့ အခွင့်အရေးတွေကို အရယူခဲ့ပါတယ် ” လို့ ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဒုတိယပိုင်းအတွင်း လီဗာပူးရဲ့ ကစားဟန် ပြောင်းလဲမှုကပဲ သရေရလဒ် ပြန်ယူဖို့ရာ ကစားပုံ တိုးတက်လာစေခဲ့တာ ဖြစ်ပါတယ်။