

ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အပြီးမှာ လီဗာပူးအသင်းဟာ ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၂ မှတ် အကွာမှာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒါဝင် နူးညက်စ်အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းထဲက အစိတ်အပိုင်း တစ်ခုအဖြစ် အသင်းအတွက် ပွဲကစားပေးမှု ပွဲ ၆၀ ပြည့်ခဲ့တာကြောင့် ဘင်ဖီကာကို ပြောင်းရွှေ့ကြေး ပေါင် ၈.၅ သန်း ခွဲပေးခဲ့ပြီ ဖြစ်ပါတယ်။
ထရန့်ဟာ အားကစားဘရန်းတစ်ခုဖြစ်တဲ့ Under Armour နဲ့ လမ်းခွဲကာ ဥရောပမှာ အမြင့်ဆုံး စာချုပ်တွေထဲက တစ်ခုအဖြစ် Adidas နဲ့ လက်တွဲခဲ့ပြီ ဖြစ်ပါတယ်။
သောကြာနေ့ အသင်းမီတင်မှာ မန်စီးတီးပွဲကြို နည်းစနစ်ပိုင်း ဆွေးနွေးမှုကို နားမထောင်နိုင်အောင်ကို အိပ်ငိုက်နေခဲ့တယ်လို့ မာကာက ဝန်ခံသွားပါတယ်။
လီဗာပူးအသင်းဟာ São Paulo အသင်းမှ အသက် ၂၀ အရွယ် ဗဟိုခံစစ်မှူး Lucas Beraldo အတွက် စကားပြောမှု လုပ်နေကြောင်း ဘရာဇီး သတင်းတွေက ဖော်ပြနေပါတယ်။
မနေ့က စပါးနဲ့ အက်စတွန်ဗီလာပွဲမှာ VAR ဒိုင်တွေက စပါးအသင်း ရသင့်တဲ့ ပင်နယ်တီ ဖြစ်ရပ်ကို ပြန်မကြည့်ပေးဘူးဆိုတဲ့ ထောက်ပြချက်တွေ ထွက်ပေါ်နေပါတယ်။ လီဗာပူးပွဲ နောက်ပိုင်းမှာ စပါးဟာလည်း VAR တွေရဲ့ မှားယွင်းစွာ ဆုံးဖြတ်မှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲကတော့ LASK (ယူရိုပါလိဂ်)၊ ဖူလ်ဟမ် (ပရီးမီးယားလိဂ်)၊ ရှက်ဖီး (ပရီးမီးယားလိဂ်)၊ ပဲလေစ့် (ပရီးမီးယားလိဂ်)၊ စိန့်ဂျွိုက် (ယူရိုပါလိဂ်) ပွဲတွေပဲ ဖြစ်ပါတယ်။