မန်စီးတီးပွဲ စွမ်းဆောင်ရည်ကို မြင်ရအပြီး ဒါဝင်ကို စတင် ဝေဖန်ပြသွားခဲ့တဲ့ ရော်ဘီ ဖောင်လာ

အသင်း တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက အပတ်စဉ် သူရေးနေကျ Mirror သတင်းဌာနရဲ့ ခေါင်းကြီးပိုင်းမှာ တိုက်စစ်မှူး ဒါဝင် နူးညက်စ်ရဲ့ သက်ရောက်မှုအပေါ် ဝေဖန်မှု ပြုလုပ်သွားပါတယ်။

ဒါဝင်ဟာ ဒီရာသီမှာ အတော်လေး တိုးတက်လာပေမယ့် ဂိုးသွင်းမှုပိုင်းမှာ လိုအပ်ချက် များစွာ ရှိနေဆဲပါ။ မန်စီးတီးနဲ့ပွဲတုန်းက ဟာလန်းက အခွင့်အရေး အနည်းငယ်ကို ခြမ်းခြောက်မှုအဖြစ် ပြောင်းလဲနိုင်ချိန်မှာ ဒါဝင်ကတော့ ထွေထွေထူးထူး လုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။

ဖောင်လာက သုံးသပ်ရာမှာ ” ဒါဝင်ကို ဘယ်လောက်ထိ အချိန်ပေးနေရမှာလဲ? အခုဆိုရင် သူ အန်ဖီးကို ရောက်လာခဲ့တာ ၁၈ လလောက် ရှိနေပါပြီ။ အခုချိန်ထိ သူက အလားအလာရှိနေဆဲ ‘စိတ်လှုပ်ရှားစရာ အကြမ်းထည်’ အဖြစ် ပြောနေရဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားဘဝ တစ်ခုလုံးကိုတော့ အကြမ်းထည်မှာပဲ ရှိနေလို့ မရနိုင်ပါဘူး။ ဒါဝင်ကိုတော့ ကျနော် ကိုယ်ချင်းစာပါတယ်။ သူက ပရီးမီးယားလိဂ်ကို ဟာလန်းနဲ့ အတူတူ ရောက်လာခဲ့ပါတယ်။ သူတို့ကြား ကွာခြားမှုက သိပ်ကြီးပါတယ်။ စီးတီး တိုက်စစ်မှူးက ပြောင်းရွှေ့ကြေး ပိုနည်းပြီး အတွေ့အကြုံပိုင်း သိပ်မကွာပါဘူး။

မန်စီးတီးပွဲမှာ ဒါဝင်က ဟာလန်း ဂိုးသွင်းသွားတဲ့ အနေအထားမျိုးမှာ ဘောလုံး ရခဲ့ပါတယ်၊ ခံစစ်သမားတွေ သူ့ရှေ့မှာ ရှိနေတာပါပဲ။ တူညီတဲ့ နေရာလွတ်လောက်ပဲ ပွင့်နေခဲ့တာပါ။ ဒါပေမယ့် ဒါဝင်က ကန်သွင်းလို့ကောင်းတဲ့ အနေအထား ရောက်အောင် ထိချက်ကောင်း မလုပ်နိုင်ခဲ့ဘူး။ တကယ်တမ်းမှာ သူက တစ်ယောက်ယောက် သူ့ရှေ့ ရောက်လာဖို့ကို စောင့်နေခဲ့ပါတယ်။

ဒါဝင်က ကန်သွင်းမှုလုပ်ဖို့ ယုံကြည်ချက် မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၄ ရက်ကပဲ သူ ဥရုဂွေးအတွက် ဂိုးတွေ ဆက်တိုက် သွင်းထားတာ ဖြစ်ပါတယ်။ အာဂျင်တီးနားကိုလည်း သူဂိုးသွင်းထားတယ်။ ဒီတော့ ယုံကြည်မှု မရှိတာမျိုး မဖြစ်နိုင်ပါဘူး။

စီးတီးကို ရင်ဆိုင်ရာမှာ လီဗာပူးက ခက်ခဲတဲ့ ရမှတ် ၁ မှတ်ရခဲ့ပါတယ်။ ဒါပေမယ့်လို့ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ လျှင်မြန်စွာ အဆုံးအဖြတ်ပိုင်း လုပ်နိုင်တဲ့ အခိုက်အတန့် မရှိသလို ပွဲကို လူတန်တောင်းတုန်းကလို အပြတ်မဖြတ်နိုင်ဘဲ ပရီးမီးယားလိဂ်ကို စိန်ခေါ်လို့ မရပါဘူး။

နူးညက်စ်ကို အကြမ်းထည် အဖြစ်ကနေ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုမှာ အဓိက ကစားသမား ဖြစ်လာရေး ကလော့ပ် ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အခုထိတော့ လီဗာပူး ဖလားအောင်မြင်နိုင်မယ်လို့ ကျနော်တော့ မမြင်ပါဘူး ” လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။