အခုချိန်ထိ အသင်းဘက်က ဂျိုတာနဲ့ အယ်လီဆန်တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ထုတ်ပြောလာခြင်း မရှိသေးပါဘူး။
လီဗာပူးနဲ့ ဖူလ်ဟမ်ပွဲကို ကွင်းလယ်ဒိုင်အဖြစ် Stuart Attwell ကိုင်တွယ်ပြီး VAR ဒိုင်အဖြစ်တော့ Paul Tierney တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
တစ်ရက်မှာ မန်စီးတီးဟာလည်း လီဗာပူးလို ကြီးကျယ်ခမ်းနားတဲ့ ကလပ်တစ်သင်း ဖြစ်လာရမယ်လို့ ရိုဒရီက ထုတ်ပြောကာ ပြိုင်ဘက်အသင်းအပေါ် သူ့ရဲ့ အထင်ကြီးမှုကို ပြသသွားပါတယ်။
လီဗာပူးအသင်းဟာ ပြင်သစ်ကလပ် Nice အသင်းမှ ခံစစ်မှူး တိုဒီဘိုကို ဒီဇန်နဝါရီမှာတင် ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသလာပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၉ သန်းခန့် ကျသင့်နိုင်ပါတယ်။
လီဗာပူးအသင်းက စိတ်ဝင်စားမှု ပြသဖူးတဲ့ ကွင်းလယ်လူ ဒေါက်ကလပ်ကို ဒီဇန်နဝါရီမှာ ရောင်းချရမယ်ဆိုရင် အက်စတွန်ဗီလာဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ တောင်းခံမှာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ လီဗာပူး ကွင်းလယ်လူ သီယေဂိုကို ခေါ်ယူနိုင်ရေး စကားပြောနေခြင်း မရှိပါဘူးလို့ သတင်းထောက် ရိုမန်နိုက ထုတ်ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ လေဗာကူဆင်အသင်းမှ တိုက်စစ်အားသန် ကစားသမား Florian Wirtz ကို ခေါ်ယူရေး ဦးဆောင်နေတယ်လို့ ကက်တလန်သတင်းစာက ဖော်ပြသွားပါတယ်။
ယူကျူ့မှာ subscriber ပေါင်း ၉ သန်းကျော်သွားတဲ့နောက် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ယူကျူ့ subscriber အများဆုံး ပိုင်ဆိုင်တဲ့ ဘောလုံးအသင်း ဖြစ်လာပါတယ်။
မနက်က ပီအက်စ်ဂျီ ၁-၁ နယူးကာဆယ် ရလဒ် ထွက်ခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စု F ကနေ ယူရိုပါလိဂ်ထံ ဆင်းကစားရမယ့် အသင်း အဖြေမပေါ်သေးပါဘူး။
ညာခြမ်း ကစားသမား ဘရတ်ဒလေဟာ ဒဏ်ရာကြောင့် အနားယူနေရာကနေ ပြန်သက်သာလာပြီး အသင်းနဲ့ လေ့ကျင့်ရေး အပြည့်ဝင်တော့မယ်လို့ သိရပါတယ်။