မန်ယူနိုက်တက်၊ အာဆင်နယ် အပါအဝင် ကလယ်ဟာ တာဝန်ယူရနိုင်တဲ့ လီဗာပူးအသင်း ပွဲစဉ်များ

နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အပြီး ပြန်ကစားရတဲ့ မန်စီးတီးပွဲမှာ လီဗာပူးအသင်းဟာ ရမှတ် ၁ မှတ်အတွက် တိုက်ခိုက်နိုင်ခဲ့ပေမယ့် အယ်လီဆန်နဲ့ ဂျိုတာတို့ကို ဒဏ်ရာတွေကြောင့် လက်လွတ်ထားရပါတယ်။

နည်းပြကလော့ပ်ဟာ သောကြာနေ့ မနက် ယူရိုပါလိဂ် ပွဲစဉ်အတွက် အာရုံစိုက်နေပြီး ဂိုးသမားနေရာ ကလယ်ဟာကို သေချာပေါက် ထုတ်သုံးသွားဖို့ ရှိပါတယ်။ ဒါပေမယ့်လို့ ကလယ်ဟာကို လက်စ်နဲ့ပွဲ တစ်ပွဲတည်း မဟုတ်ဘဲ မျှော်လင့်ထားတာထက် ပိုများတဲ့ ပွဲအရေအတွက်မျိုး ပေးကစားရနိုင်ပါတယ်။

တတ်နိုင်သလောက် ပွဲတွေ အများကြီး ကစားရဖို့က သူ့ရဲ့ ရည်မှန်းချက်လို့ ထုတ်ပြောထားတဲ့ ကလယ်ဟာက တူးလုစ့်ကို ၃-၂ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ လက်စွမ်း သိပ် မကောင်းခဲ့ပါဘူး။ သို့ပေမယ့် သူဟာ အတွေ့အကြုံရှိပြီး အသင်းနဲ့အတူ ဆုဖလား အောင်မြင်ခဲ့ပြီးသူ ဖြစ်ပါတယ်။

အတ်ဒရီယန်ကို လူစာရင်းထဲ မထည့်ထားတာကြောင့် ဝါရင့် ဂိုးသမားကြီးက ယူရိုပါလိဂ်ပွဲမှာ မပါနိုင်ပါဘူး။ ပြီးခဲ့တဲ့ အပတ်ကပဲ ၂၅ နှစ်ပြည့်ခဲ့တဲ့ ကလယ်ဟာကပဲ အယ်လီဆန်ရဲ့ ဒဏ်ရာ အခြေအနေအပေါ် မူတည်ပြီး အသင်းဂိုးပေါက်မှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

အယ်လီဆန် လွဲချော်နိုင်တဲ့ အမြင့်ဆုံး ပွဲအရေအတွက်က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ဝက်စ်ဟမ်းနဲ့ ကာရာဘောင်းပွဲအထိ ၈ ပွဲဖြစ်ပါတယ်။

လက်စ်၊ ယူနီယံစိန့်တို့နဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ပွဲ၊ ဖူလ်ဟမ်၊ ရှက်ဖီး၊ ပဲလေစ့်တို့ဖြင့် ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲတွေအပြင် ယူနိုက်တက်၊ အာဆင်နယ်တို့ကို ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတွေမှာ ကလယ်ဟာက အသင်းရဲ့ ဂိူးပေါက်ကို တာဝန်ယူရနိုင်တာ ဖြစ်ပါတယ်။