အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ကလပ် ၂ သင်းကလည်း စုံစမ်းနေကြောင်း အသံထွက်

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် အမ်ဘာပေဟာ စပိန်နဲ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ဘယ်လိဂ်ကို ရွေးချယ်ရမလဲ ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ သတင်းထောက် Duncan Castles က ဆိုပါတယ်။

အမ်ဘာပေဟာ သူ့ရဲ့ ကာလရှည် ရည်မှန်းချက်ဖြစ်တဲ့ ဘလွန်းဒီအောကို ရော်နယ်ဒိုနဲ့ မက်ဆီ နောက်ပိုင်း ပထမဆုံး အနိုင်ရစေမယ်လို့ ယုံကြည်ထားတဲ့ ကလပ်ထံ ပြောင်းရွှေ့ဖို့တော့ ရည်ရွယ်ထားပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ ဘလွန်းဒီအောဆုမှာ တတိယနေရာက မဲပေးခံရတဲ့ အမ်ဘတ်ပီကတော့ ဒီဆုကို အနိုင်ရဖို့ဆိုရင် ချန်ပီယံလိဂ်ဖလား အောင်မြင်နိုင်တဲ့ ကလပ်မှာ ကစားနိုင်ဖို့ လိုအပ်တယ်လို့ နားလည်ထားပါတယ်။

ပီအက်စ်ဂျီကတော့ ၂၀၂၂ မှာ သက်တမ်းတိုးထားတဲ့ အမ်ဘာပေကို ၂၀၂၅ ခုနှစ်ထိ ဆက်ရှိနေမယ့် တစ်ရာသီ သက်တမ်းတိုးမှုမျိုး ပြုလုပ်လိုတယ်။ အဲ့တာပြီးရင်တော့ ကာလရှည် စာချုပ်တစ်စောင့် ထပ်မံ ပေးဖို့ ဆွဲဆောင်မှု ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးတို့ကလည်း အမ်ဘာပေကို လွတ်လပ်စွာ ခေါ်ယူနိုင်ရေးအတွက် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးနဲ့ အားကစားဆိုင်ရာ ကန့်သတ်ချက်တွေကို သိနားလည်ဖို့ စူးစမ်းနေကြပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မိုနာကိုမှာ ကစားနေစဉ်တည်းက အမ်ဘာပေကို စိတ်ဝင်စားမှု ပြသထားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကလည်း လာမယ့်နွေမှာ အလွတ်ဖြင့် ရနိုင်မယ့် ပြင်သစ်သားကို ခေါ်ယူလိုနေဆဲဖြစ်ပါတယ်။

အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ သူ ငယ်စဉ်တည်းက အားပေးခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်က ရေပန်းအစားဆုံး ဆိုပေမယ့်လို့ လီဗာပူးနဲ့ အာဆင်နယ်ထံကလည်း ကြိုးစားမယ့် အရိပ်အယောင်မျိုးတွေ ရှိနေတယ်လို့ ဖော်ပြလာနေတာ ဖြစ်ပါတယ်။