BREAKING: ပွဲတွေလွဲတော့မယ့် အယ်လီဆန်နဲ့ ဂျိုတာတို့ရဲ့ ဒဏ်ရာ အခြေအနေ

အယ်လီဆန်နဲ့ ဂျိုတာတို့ဟာ မန်စီးတီးပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီအပတ် ပွဲစဉ်တွေကို သေချာပေါက် လွဲချော်သွားကြပြီ ဖြစ်ပါတယ်။

လက်စ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ နည်းပြကလော့ပ်က ပြောပြလာခြင်းဖြစ်ကာ အယ်လီဆန်ဟာ လီဗာပူး ပွဲစဉ် ၄ ပွဲလောက်ကို လွဲချော်သွားဖို့ ရှိပါတယ်။ ဂျိုတာကတော့ အဲ့ထပ် ပိုပြီး အချိန်ကြာကြာ အနားယူရမှာ ဖြစ်ပါတယ်။

နည်းပြကလော့ပ်က ပြောပြရာမှာတော့ “ နှစ်ဦးလုံး မပါနိုင်ပါဘူး။ အယ်လီဆန်ရဲ့ ဒဏ်ရာကတော့ နည်းနည်းပိုပြီး ထိခိုက်မှု နည်းပါးပါတယ် ဒီတော့ ကျနော်တို့ စောင့်ကြည့်ရပါမယ်။

မနက်ဖြန်ပွဲမှာ အယ်လီဆန် ပါနိုင်မှာ မဟုတ်ပါဘူး၊ တနင်္ဂနွေနေ့ ပွဲမှာလည်း မပါနိုင်ပါဘူး။ နောက်အပတ် ပွဲမှာလည်း မပါတာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲ့တာပြီးရင်တော့ သူ အဆင်ပြေမှာပါ။

ဂျိုတာကတော့ ပိုကြာကြာ အနားယူရပါမယ်။ အချိန်ဘယ်လောက်လဲတော့ အသေအချာ မပြောနိုင်ပါဘူး။ ဒါပေမယ့် နည်းနည်းတော့ အချိန်ယူ နားရမှာဖြစ်ပါတယ် ” လို့ ပြောသွားခဲ့ပါတယ်။

အယ်လီဆန်ရဲ့ ဒဏ်ရာဟာ ပြင်းထန်မှုရှိသလားလို့ မေးခံရချိန်မှာ ကလော့ပ်ကပဲ ” အဲ့လိုလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နားရလောက်တဲ့ထိတော့ ဆိုးပါတယ် ” လို့ ပြောသွားတာ ဖြစ်ပါတယ်။