

မိုဆာလာကတော့ ပရိသတ်တွေ အနေနဲ့ ကွင်းလယ်လူ ဆိုဘိုစလိုင် အပေါ် ဖိအားပေးကြတာမျိုး မလုပ်ဘဲ လွတ်လပ်စွာ ဘောလုံးကစားခွင့် ပေးထားကြဖို့ သတိပေးလာခဲ့ပါတယ်။
ဆိုဘိုစလိုင်ဟာ လီဗာပူးပရိသတ်တွေကြား အတော်လေး နာမည်ရလာနေပြီး ဂျရတ်နဲ့ နှိုင်းခံရမှုတွေလည်း ရှိထားပါတယ်။ ဆာလာကတော့ ဆိုဘိုကို အဲ့လို ခိုင်းနှိုင်းမှုတွေလည်း မလုပ်စေချင်ပါဘူး။
” သူက လီဗာပူးအသင်းမှာ တာထွက်ကောင်းနေပါတယ် ဒါပေမယ့် ပရိသတ်တွေက သူ့အပေါ် ဖိအားတွေပေးမှာမျိုး မဖြစ်စေချင်ပါဘူး။ သူ့ဘာသာ ဘောလုံးဆက်ကစားပြီး ပျော်ရွှင်နေပါစေ၊ ကိုယ့်ဘာသာ အထင်ကြီးလောက်အောင် စွမ်းဆောင်ခွင့်ပေးလိုက်ပါ။
ဆိုဘိုစလိုင်ကို သူက ဘယ်သူ လက်သစ်၊ ဘာ လက်သစ် ဖြစ်မယ်ဆိုတာမျိုး မပြောချင်ပါဘူး။ သူက အခုထိ ကလေးပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ လီဗာပူးကို ရောက်လာတယ်။ သူကစားနေတဲ့ ဘောလုံးကစားတာကိုပဲ ဆက်ပြီး လုပ်စေချင်ပါတယ်။
လီဗာပူးပရိသတ်တွေက ကစားသမားတွေအပေါ် မျှော်လင့်ချက်ကြီးတွေ ထားရှိတတ်ပြီး ဒီဖိအားက ကစားသမားတွေပေါ် ပုံကျလာတတ်ပါတယ် ” လို့ ဆာလာက ပြောဆိုခဲ့ပါတယ်။
မနှစ်ကရာသီ ကျဆင်းခဲ့တဲ့ ကွင်းလယ်ကို သွေးသစ်လောင်းမှုအဖြစ် မက်ကယ်လစ္စတာ၊ အန်ဒို၊ ဂရာဗင်ဘက်ချ်တို့နဲ့အတူ ဆိုဘိုစလိုင်ကလည်း အန်ဖီးကို ဒီနွေမှာ ရောက်လာခဲ့သူ ဖြစ်ပါတယ်။
ကွင်းပြင်ပမှာကော ဆိုဘိုစလိုင်က ဘယ်လိုကစားသမားလဲ လို့ မေးခံရချိန်မှာ ” ဆိုဘိုစလိုင်က ကောင်းပါတယ်၊ သူက တည်တည်ငြိမ်ငြိမ်လည်း ရှိပါတယ်၊ ထူးထူးခြားခြားတွေ မပြောချင်ပါဘူး၊ သူ့အကြောင်းကို သေချာ မသိနိုင်ပါဘူး ” လို့ ဆာလာက ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။