ပထမပိုင်းတည်းက ပွဲမဖြတ်နိုင်ခဲ့ကြောင်း သတိပေးတဲ့ ကလော့ပ်၊ ဂိုးပိုရခဲ့သင့်တာလို့ ဂက်ပို ဝန်ခံခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အန်ဖီးမှာ လက်စ်အသင်းကို ၄-၀ ဖြင့် အနိုင်ရလိုက်ခြင်းကြောင့် လီဗာပူးအသင်းဟာ ဒီရာသီ အိမ်ကွင်း ၁၀ ပွဲလုံးကို ရာနှုန်းပြည့် အနိုင်ရနေတဲ့ စံချိန်ကောင်းကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

လက်စ်နဲ့ပွဲမှာ ပထမပိုင်းမှာတည်းက ပွဲပြတ်နေသင့်တာလို့ ကလော့ပ်က အသင်းသားတွေကို သတိပေးလိုက်ပြီး ၂-၀ ဖြင့်ပဲ ဦးဆောင်နိုင်မှုကို သိပ်ပြီး သဘောမကျကြောင်း ပြသသွားပါတယ်။

ဂက်ပိုကတော့ အသင်းဟာ ဒီနေ့ပွဲမှာ ဂိုးပိုသွင်းနိုင်ခဲ့သင့်တယ်လို့ ဝန်ခံလိုက်ပြီး ယခုထက် ပိုသာလွန်တဲ့ အဆုံးသတ် စွမ်းရည်ကို ပြသဖို့ လိုအပ်ခဲ့ကြောင်း ဆိုသွားပါတယ်။

ခံစစ်မှူးနေရာက ပွဲထွက်လာတဲ့ ကွမ်းဆက်ရဲ့ ထူးချွန်မှုကို ကလော့ပ်က ချီးကျူးခဲ့ပါတယ်။ ဒီခံစစ်မှူးလေးမှာ ကောင်းမွန်တဲ့ အနာဂတ် ရှိနေကြောင်းလည်း ထောက်ခံပေးသွားပါတယ်။

ယူရိုပါလိဂ်ကို အုပ်စုဗိုလ်ဖြင့် အောင်မြင်ခဲ့တာကြောင့် အသင်းဟာ ဖေဖော်ဝါရီလလောက်မှ ရှုံးထွက်ပွဲစဉ်ကို စတင် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

လက်စ်ပွဲမှာ လူစားဝင်လာတဲ့ ညာခြမ်း ကစားသမား ဘရတ်ဒလေရဲ့ ခြေစွမ်းကို ပရိသတ်တွေက ချီးကျူးမှုတွေ ပြုလုပ်နေပါတယ်။

လီဗာပူး တိုက်စစ်သမား ၅ ဦးဟာ ဒီရာသီမှာ သွင်းဂိုး ၅၃ ဂိုးအတွက် အပြန်အလှန် ပါဝင်ပတ်သက်မှုတွေ လုပ်ထားကြပါတယ်။ အားလုံးထဲမှာ အများဆုံးက ဆာလာဖြစ်ပြီး ကိုယ်တိုင် ၁၃ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၆ ကြိမ် လုပ်ထားနိုင်ပါတယ်။

Al Ittihad ဟာ ဇန်နဝါရီစျေးကွက် အကြို မိုဆာလာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၂၀ ဖြင့် ကမ်းလှမ်းမှု စတင်ကြောင်း အသံထွက်လာပါတယ်။ နည်းပြကလော့ပ်ကတော့ ဒီရာသီ ဆုဖလား အောင်မြင်တဲ့ထိ ကြိုးစားလိုတာမို့ ဆာလာကို ရောင်းချဖို့ လုံးဝ ခွင့်မပြုပါဘူး။

ဒီအပတ် တနင်္ဂနွေနေ့မှာ လီဗာပူးက ဖူလ်ဟမ်ကို ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် ဆက်လက် ဖိအားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။