အမ်ဘာပေ ကိစ္စ ငြင်းဆန်ခြင်း၊ ကလယ်ဟာအပေါ် ယုံကြည်မှု၊ တည်ကန်ဘော အန္တရာယ်ကြီးတဲ့ ဖူလ်ဟမ်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူးအသင်းဟာ လူငယ် ညာခြမ်း အစွန်လူ ဘရတ်ဒလေကို ကာလရှည် စာချုပ်သစ် သက်တမ်းတိုးခဲ့ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။

လက်စ်ပွဲမှာ ကိုနတေးကို ပွဲချိန် ၅၆ မိနစ်မှာ လူစားလဲခဲ့ခြင်းဟာ ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်အရ ဖြစ်တယ်လို့ နည်းပြကလော့ပ်က ထုတ်ပြောပါတယ်။

လက်စ်ပွဲမှာ သူ့ရဲ့ ဂျာစီ တောင်းခံခဲ့တဲ့ ပြိုင်ဘက် ကစားသမားတွေကို ပွဲနေ့ ဂျာစီ ချွတ်ပေးပြီးတဲ့အပြင် ဥမင်ထဲမှာ ကျန်တဲ့ ၁ ထည်ကိုပါ ပေးပါမယ်လို့ ဆာလာက သဘောကောင်းစွာ လိုက်လျောခဲ့ပါတယ်။

ဂျာမာန်သတင်းထောက် Florian Plettenberg ကတော့ လီဗာပူးအသင်းဟာ အမ်ဘာပေကို ခေါ်ယူနိုင်ရေး တွန်းအားပေး ကြိုးစားနေခြင်း မရှိဘူးလို့ ပြောလာပါတယ်။ ဘာပေးကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ လီဗာပူး၊ အာဆင်နယ်တို့ဟာ ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

နည်းပြကလော့ပ်ကတော့ သီယေဂိုရဲ့ ဒဏ်ရာ အခြေအနေဟာ ထူးခြားမှု မရှိဘဲ အရင်အတိုင်း ၂၀၂၄ မှပဲ ကစားနိုင်ပါလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

အယ်လီဆန်နေရာ အစားဝင်နေတဲ့ ဂိုးသမား ကလယ်ဟာအပေါ် လီဗာပူး နည်းပြအဖွဲ့က ယုံကြည်မှု ရှိထားပါတယ်။

CBS Sports က သူတို့ ရုပ်သံဌာနကို တက်ရောက်ပေးဖို့ မက်ဆီကို ကမ်းလှမ်းပေမယ့် အစီအစဉ် တင်ဆက်သူ ကာရေဂါ ရှိနေတာကြောင့် အာဂျင်တီးနား အသင်းခေါင်းဆောင်က ငြင်းဆန်ခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်းတွေဖြစ်တဲ့ ဂျိုးကိုလ်နဲ့ မိုက်ကယ် အိုဝင်တို့က တိုက်စစ်မှူး ဂက်ပိုရဲ့ အစွမ်းအစကို ချီးကျူးခဲ့ကြပါတယ်။

တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီက သူ့ရဲ့ ကစားသမားဘဝ အဆိုးရွားဆုံး နည်းပြဟာ လီဗာပူးနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာ ဖြစ်တယ်လို့ ထုတ်ပြောသွားပါတယ်။

ဖူလ်ဟမ်အသင်းရဲ့ တည်ကန်ဘောတွေကို အသုံးချနိုင်စွမ်းအား လီဗာပူးအသင်း နည်းပြအဖွဲ့က သတိထားမိနေပါတယ်။ ဖူလ်ဟမ်အသင်း တိုက်စစ်ပိုင်းမှာ စကေးကောင်းတဲ့ ကစားသမားတွေလည်း ရှိနေကြောင်းကို နားလည်ထားတာပါ။

ကာဗာရိုဟာ ဒီရာသီ လိုက်ဇစ်အတွက် ပွဲထွက် ၂ ပွဲပဲ ကစားထားရသေးပေမယ့် ဘွန်ဒက်လီဂါကလပ်မှာ ဆက်နေဦးမယ့် အခြေအနေ ဖြစ်ပါတယ်။