ဒါဝင် နူးညက်စ်နဲ့ ပက်ဂွာဒီယိုလာတို့ အငြင်းပွားခဲ့ခြင်းဟာ ဟာလန်း ဂိုးမသွင်းနိုင်တဲ့ ဖြစ်ရပ်တစ်ခုမှာ ဂွာဒီယိုလာက လီဗာပူးဘက်ခြမ်းကို လှည့်လာပြီးတော့ ‘ဒီကောင်တွေ ကံကောင်းသွားတာ’ ဆိုတာမျိုး ပြောခဲ့သေးတာကြောင့် ဒါဝင်က တုန့်ပြန်ခဲ့တာ ဖြစ်တယ်လို့ မာကာက ဆိုပါတယ်။
ဖူလ်ဟမ်တောင်ပံသမား ဝီလီယမ်ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် နည်းပြကလော့ပ်က ချီးကျူးလိုက်ပြီး တည်ကန်ဘောတွေကို သတိထားရမယ်လို့ မှတ်ချက်ပေးပါတယ်။
လီဗာပူးကို ရှုံးခဲ့တာဟာ သူတို့ရဲ့ စိတ်ဓါတ်ပိုင်းကို ပြိုလဲစေခဲ့တယ်လို့ အတ်ဒီဟောင်က ဝန်ခံထားခဲ့ပေမယ့် ဒီတလောမှာတော့ သူတို့ ပုံစံကောင်းတွေ ပြန်ရလာနေပြီး အိမ်ကွင်းမှာ ချယ်ဆီး၊ မန်ယူနိုက်တက်တို့ကို အနိုင်ယူခဲ့ပါတယ်။
အန်ဖီးနဲ့ ပတ်သက်လာရင် သူ အကြိုက်ဆုံးက YNWA အသင်းသီချင်း ဖြစ်တယ်လို့ မာကာက ဖွင့်ဟခဲ့ပြီး ဘောလုံးရဲ့ အလှတရား တစ်ခုအဖြစ်ပါ ညွှန်းဆိုပါတယ်။
လီဗာပူးအတွက် နှစ်တစ်နှစ်အတွင်း ဂိုးအများဆုံး သွင်းယူသူအဖြစ် ၂၀၁၈ မှာ သွင်းဂိုး ၄၀ နဲ့ စံချိန်တင်ထားတဲ့ မိုဆာလာဟာ ဒီရာသီမှာ သွင်းဂိုး ၃၄ ဂိုး ရထားတာမို့ သူ့စံချိန်ကို သူပြန်ချိုးနိုင်မလား စောင့်ကြည့်နေရပါပြီ။
ပရီးမီးယားလိဂ်ဟာ ထင်ထားတာထက် ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်တယ်လို့ ဝါတာရု အန်ဒိုက ဝန်ခံခဲ့ကာ သူ ပိုတိုးတက်လာနေကြောင်း မှတ်ချက်ပေးပါတယ်။
လက်စ်နဲ့ပွဲမှာ ကွမ်းဆက်ဟာ ကျော်ကြားခဲ့တဲ့ ဗန်ဒိုက်ရဲ့ စပါးတိုက်စစ် ထိုးဖောက်မှုအား ရပ်တန့်မှုနဲ့ ပုံစံတူ ခံစစ်ကာကွယ်ဟန် တစ်ခုအား ပြသခဲ့ခြင်းအတွက် လီဗာပူး ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိနေပါတယ်။
Liverpool’s latest gem Jarell Quansah (20).
Does he have what it takes to be our next Virgil van Dijk? He’s certainly starting to show glimpses of him 😳💪🏻
pic.twitter.com/2uyoHEG0wo— LFC Transfer Room (@LFCTransferRoom) December 2, 2023
စူပါကွန်ပြူတာကတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်ချေ ၁၂% ကျော်ပဲ ရှိတယ်လို့ တွက်ချက်သွားပါတယ်။
