

မန်စီးတီး ၁-၁ လီဗာပူး ပွဲအပြီး နည်းပြဂွာဒီယိုလာနဲ့ တိုက်စစ်မှူး ဒါဝင် နူးညက်စ်တို့ စကားများခဲ့တာဟာ ကွင်းထဲက ဖြစ်ရပ်တစ်ခုကို လေတိုက်ကြရာက စတင်ခဲ့တာလို့ မက်ကယ်လစ္စတာက ပြောပြခဲ့ပါတယ်။
တောင်အမေရိကသားနဲ့ စပိန်သားတို့ဟာ ကွင်းထဲမှာ စပိန်လို ပြောဆိုနေကြပြီး ကြားထဲက နည်းပြကလော့ပ်က နားမလည်ပေမယ့်လို့ ဒါဝင်ကို ဆွဲခေါ်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ကို ကောင်းကောင်းသိနေတဲ့ မက်ကယ်လစ္စတာက ရယ်ပဲ ရယ်နေခဲ့တာ ဖြစ်ပါတယ်။
ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်း မာကာက ပြောပြရာမှာ ” ပွဲအပြီးမှာ နည်းပြကလော့ပ်က ဘာဖြစ်ခဲ့တယ်ဆိုတာ မသိပါဘူး။ သူက ကျနော်နဲ့ ဒါဝင်တို့ ဘာပြောနေတာလဲ မေးခဲ့ချိန် ဘာမှ မပြောခဲ့ဘူးလို့ပဲ ပြန်ဖြေခဲ့တယ်။ တကယ်ကို ကိစ္စက သေးသေးလေးပါ။
ယာဂင်ကလော့ပ်ပြောသလိုပဲ ဒါဝင်နဲ့ ပက်တို့လို ခံစားချက် ပြင်းထန်တဲ့ လူနှစ်ဦးကြား ကိစ္စဖြစ်ပြီး ထွေထွေထူးထူး မဟုတ်ပါဘူး။ ပက်ရဲ့ မှတ်ချက်ကို ဒါဝင်က တုန့်ပြန်ခဲ့တာပါ။ ဒါပေမယ့် အရမ်းကြီး ပြင်းထန်နေတာမျိုး မဟုတ်ပါဘူး။
အဲ့တာကြောင့် သူတို့ရဲ့ ဖြစ်ရပ်ကို ကျနော် ရယ်နေမိတာပါ။ တကယ်ကြီး ပြင်းထန်နေရင် ကျနော်အဲ့လို ဘယ်ရယ်နေမှာလဲ။ ဒါပေမယ့် ချက်ခြင်းကြီး ဒါဝင် စိတ်ဆိုးသွားတာက ကျနော်ကို ရယ်မိစေပါတယ်။
ဘာဖြစ်ခဲ့လဲ ပြောပြသင့်ရဲ့လားတော့ မသိဘူး။ ဒါပေမယ့် ပြောပြမယ်ဗျာ။ ကော်နာ ဒါမှမဟုတ် ဖြတ်တင်ဘော တစ်ခုကို ဟာလန်း ခေါင်းတိုက်လိုက်တာ ဘောလုံးက ဂိုးအနောက်က တိုင်ကို သွားထိရော။ ပက်က ကျနော်တို့ဘက် လှည့်လာပြီး ကျနော်တို့ သိပ်ကို ကံကောင်းသွာတယ် ပုံစံမျိုး ပြောတာပေါ့။
Darwin Nunez rattling Pep. 😭
Jurgen Klopp had to 𝐫𝐞𝐬𝐭𝐫𝐚𝐢𝐧 Darwin Nunez from Pep Guardiola at full time 😳 #MCILIV pic.twitter.com/Yvln2kLIOq
— UtdPlug🌟 (@UtdPlug00) November 25, 2023
သိပ်မကြာခင် ကျနော်တို့အသင်းရဲ့ ကွင်းလယ်က ဖြတ်တင်ဘောကို ဒီယက်ဇ် ခေါင်းတိုက်ဖို့ လုပ်ခဲ့ပေမယ့် ကာကွယ်ခံလိုက်ရတယ်။ အဲ့တော့ ဒါဝင်က ပက်ကို အခု ကံကောင်းသွားတာ မင်းတို့ပဲလို့ တုန့်ပြန်ခဲ့တာပါပဲ။
အဲ့ကစလို အဲ့ရှုပ်ရှုပ်ထွေးထွေး ကိစ္စ ဖြစ်တော့တာပဲ။ ဒါပေမယ့် အေးဆေးပါ၊ ဘားမှ အကြီးအကျယ် မဖြစ်ပါဘူး ” ဆိုတာပဲ ဖြစ်ပါတယ်။
ပွဲအပြီးမှာ နည်းပြဂွာဒီယိုလာကတော့ ဒါဝင်နဲ့ ဘာမှ မဖြစ်ခဲ့ပါဘူးလို့ တုန့်ပြန်ရင်း သူတို့ နှစ်ဦးရဲ့ ကလေးဆန်ခဲ့ကြမှုကို ဖုံးဖိသွားခဲ့ပါသေးတယ်။