

ဒဏ်ရာရ ကစားသမားတွေ ရှိနေသလို ပွဲတွေ ဆက်လာနေတဲ့ လီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်းကို မျှော်လင့်ထားသလို အကောင်းဆုံး စွမ်းဆောင်ရည်တွေဖြင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ပွဲကို မှန်ကန်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပေါ့ဆတဲ့ အမှားတွေက တစ်ဆင့် ဂိုးတွေ ပြန်ပြန်ပေးခဲ့ရတာက စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ၂ မိနစ်အတွင်း ခြေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းပြခဲ့တာကတော့ တကယ်ကို ချီးကျူးသင့်ပါတယ်။
လီဗာပူးအသင်းဟာ ပွဲချိန် ၈၆ မိနစ်ထိ ဦးဆောင်ဂိုး ပေးထားခဲ့ရပြီးမှ အန်ဒိုနဲ့ ထရန့်တို့ရဲ့ မိနစ်ပိုင်းအတွင်း ဂိုးတွေ သွင်းယူပေးမှုနဲ့အတူ ၄-၃ ရလဒ်ကို ပြန်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ နည်းပြကလော့ပ်ရဲ့ လူထုတ်မှုထဲက အသင်းသား အချို့ဟာ ကွင်းထဲမှာ သက်ရောက်မှု နည်းခဲ့တာမျိုး ရှိပါတယ်။ မာတစ်ရဲ့ ခြေစွမ်း လိုအပ်ချက် ရှိခဲ့ပြီး ဂရာဗင်ဘက်ချ်ကလည်း ပွဲထဲ မိနစ် ၇၀ လောက်တောင် ရှိသင့်ရဲ့လား မသေးချာပါဘူး။
နည်းပြရဲ့ လူစားလဲမှု အချို့ကတော့ မှန်ကန်ခဲ့ပြီး ဂက်ပို ပါဝင်လာခြင်းနဲ့ ထရန့်ကို ကွင်းလယ်လူ စစ်စစ်နေရာ ထားသုံးခြင်း အပြင် အန်ဒိုကို ကွင်းလယ်မှာ ထပ်မံ အားဖြည့်ခြင်းတွေဟာ လီဗာပူး ကစားပုံကို တိုးတက်လာစေခဲ့ပါတယ်။
What are expected goals? 😄 pic.twitter.com/q7KNSM6lbp
— LeosGoals (@LeosGoalss) December 3, 2023
အမြင့်ဆုံးတွေကို စိန်ခေါ်လိုတဲ့ အသင်းဟာ အကောင်းဆုံး ခြေစွမ်းရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့်လို့ ဆိုးရွားတဲ့ နေ့ရက်တွေဖြစ်နေရင်တောင် နိုင်ပွဲရအောင် ယူနိုင်ဖို့ကလည်း အရေးကြီးလှပါတယ်။
လီဗာပူးအသင်းဟာ ဒီတလောမှာ အကောင်းဆုံး ခြေစွမ်းတွေ မပြသနိုင်ပေမယ့် မန်စီးတီး၊ ဖူလ်ဟမ်တို့ထံက ရသင့်တဲ့ ရမှတ်တွေ ယူပြနိုင်နေပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်းထံက အများကြီး ဆက်မြင်ရဖို့ ရှိနေပြီး ဆုဖလား ပြိုင်ဆိုင်မှုကနေ ကလပ်ကို ဖယ်ထုတ်လို့ မရဘူးဆိုတာ ဒီပွဲမှာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။