အကောင်းဆုံး သွင်းဂိုး၊ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ မှာ လီဗာပူးက ဖူလ်ဟမ်ကို ၄-၃ ဖြင့် အနိုင်ရတဲ့နောက် အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းလာခဲ့ပြီ ဖြစ်ပါတယ်။

အန်ဖီးကွင်းမှာ လှပတဲ့ သွင်းဂိုး ၄ ဂိုးအတွင်း လီဗာပူး ပရိသတ် အများစု ရွေးချယ်ကြတဲ့ အကောင်းဆုံး ဂိုးကတော့ မာကာရဲ့ အဝေးကန်ချက်ဖြစ်ပါတယ်။

ထရန့်ရဲ့ လှပတဲ့ ဖရီးကစ် ကန်ချက်ဟာ ဖူလ်ဟမ်ဂိုးသမား လီနိုနဲ့ ထိခဲ့တယ်ဆိုကာ ပရီးမီးယားလိဂ်ကတော့ OG အဖြစ် သတ်မှတ်သွားပါတယ်။

ဖူလ်ဟမ်ပွဲမှာ ဒဏ်ရာရသွားတဲ့ မာတစ်ဟာ ကာလတို အနားယူရတာထက် ပိုလိမ့်မယ်လို့ သိရပြီး အခြေအနေ အသေးစိတ်ကတော့ စကန်ရလဒ် ထွက်လာမှပဲ သိရပါလိမ့်မယ်။

မနေ့ညကပွဲအတွက် ပရိသတ်တွေ ရွေးချယ်တဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ထရန့်က ရရှိသွားပါတယ်။

အမှားတွေများခဲ့ပေမယ့် စိတ်လှုပ်ရှားစရာတွေ ပေးခဲ့တဲ့ ဖူလ်ဟမ်နိုင်ပွဲဟာ မမေ့နိုင်စရာ ပွဲစဉ် ၁ ပွဲပါလို့ ကလော့ပ်က ဝန်ခံခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ ကလပ်ဟာ အကောင်းဆုံး ခြေစွမ်းကို ရာသီစတည်းက မပြသထားနိုင်တာဖြစ်ပေမယ့် စုဖွဲ့မှုနဲ့ စိတ်ဓါတ်ပိုင်းက အတော်လေး ကောင်းမွန်တာမို့ ပွဲပေါင်းများစွာကို နောက်ကနေ လိုက်ကစားနိုင်နေကြောင်း ထောက်ပြကြပါတယ်။

အားကစားချန်နယ်တွေမှာတော့ လီဗာပူးအသင်း သွင်းယူခဲ့တဲ့ သွင်းဂိုး ၄ ဂိုးထဲမှာ ဘယ်ဂိုး အကောင်းဆုံးလဲအတွက် အတော်လေး ဝေခွဲရခက်ခဲနေခဲ့ကြပါတယ်။ အများစုကတော့ မာကာရဲ့ ဂိုးက အကောင်းဆုံးလို့ ရွေးချယ်ပေမယ့် သွင်းဂိုးတိုင်းဟာ ထိပ်တန်းအဆင့်တွေအဖြစ် အကဲဖြတ်ခဲ့ကြပါတယ်။

အက်ဖ်အေဖလား တတိယအဆင့်မှာတော့ လီဗာပူးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့နေပြီး အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။