ဆုရတဲ့ ဆာလာ၊ ရှက်ဖီးပွဲအတွက် ဒိုင်လူကြီး၊ အန်ဖီးကွင်း အစမ်းဖွင့်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ကြားရက် ရှက်ဖီးယူနိုက်တက် vs လီဗာပူးပွဲစဉ်အတွက် ကွင်းလယ်ဒိုင်အဖြစ် Simon Hooper က တာဝန်ယူပါမယ်။ ၎င်းဟာ မန်စီးတီး ၃-၃ စပါးပွဲစဉ်မှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို လုပ်ခဲ့တာကြောင့် ဖိအားများနေသူ ဖြစ်ပါတယ်။

မိုဆာလာဟာ ၂၀၂၃ ခုနှစ်အတွက် ပရီးမီးယားလိဂ် အားပေးသူများ အဖွဲ့က မဲပေး ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။

ဗန်ဒိုက်ဟာ အသင်းသားတွေနဲ့အတူ စလိုက်ထိုး အောင်ပွဲခံရာက ဒူးပွန်းသွားတာမို့ မပျော်နိုင်ဖြစ်နေတယ်လို့ ထရန့်က ဟာသဖောက်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ မန်ယူနိုက်တက်နဲ့ပွဲ မတိုင်ခင် အန်ဖီးကွင်းမှာ ပရိသတ်တွေကို အစမ်းဝင်ခွင့်ပေးပြီး ကွင်းကို ပရိသတ် ၆၁၀၀၀ အပြည့် ဖွင့်နိုင်ဖို့ ပြင်ဆင်နေပါပြီ။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးက အာဆင်နယ်၊ မန်စီးတီးတို့နဲ့ အပြိုင် လုရတာမျိုးထက် လီဗာပူးနဲ့ အာဆင်နယ် နှစ်သင်းပဲ ယှဉ်ပြိုင်ရတာလည်း ဖြစ်လာနိုင်ကြောင်း သုံးသပ်လာနေကြပါပြီ။

ဖူလ်ဟမ်ပွဲမှာ သူသွင်းယူခဲ့တဲ့ အဝေးကန်ချက်နဲ့ သွင်းဂိုးက ကစားသမားဘဝ သွင်းယူဖူးသမျှထဲ အကောင်းဆုံးသော ဂိုးပဲဖြစ်ကြောင်း မက်ကယ်လစ္စတာက ဝန်ခံသွားပါတယ်။

ဒါဝင်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးတိုင်ထိမှု အများဆုံး ကစားသမားအဖြစ် ၅ ကြိမ်နဲ့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဒါဟာ ဒုတိယနေရာက အာမီရွန်၊ အဲဗာရက်စ် (၂ ကြိမ်) တို့ထက်တောင် ၂ ဆလောက် များပါတယ်။

ဗန်ဒိုက်ဟာ နယူးကာဆယ်ပွဲမှာ ဒိုင်တွေကို ကြမ်းတမ်းစွာ ပြန်ပြောဆိုမှုအတွက် ထပ်တိုး ပွဲပယ် ပြစ်ဒဏ် ရင်ဆိုင်ခဲ့ရသလို ဟာလန်းကိုလည်း တူညီတဲ့ ပြစ်ဒဏ် ပေးသင့်တယ်လို့ အသင်း ပရိသတ်တွေက ထောက်ပြနေကြပါတယ်။

နည်းပြကလော့ပ်နဲ့ အသင်းဟာ Club World Cup ဖိုင်နယ်မှာ ဖလူမီနက်စ်အသင်းနဲ့ ရင်ဆိုင်ရမှာကို အလေးအနက် မထားခဲ့ဘူးလို့ သိရပါတယ်။

ဖာမင်နိုနဲ့ အယ်လီဆန်တို့က ဘရာဇီးကလပ်ရဲ့ တောင့်တင်းမှုကို နည်းပြအဖွဲ့အား သတိပေးခဲ့ချိန်မှ ကလော့ပ်တို့က ပွဲကို အသေအချာ ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖာမင်နိုရဲ့ စာအုပ်ထဲမှာ ရေးသားထားပါတယ်။