အပျော်လွန်ရာက အသားပဲ့သွားလို့ ဗန်ဒိုက် သူ့ကို တင်းနေတယ်လို့ ရယ်မောပြီး ပြောပြလာတဲ့ ထရန့်

ဖူလ်ဟမ်ပွဲမှာ ထရန့်ရဲ့နဲ့အတူ အောင်ပွဲလိုက်ခံရင်း ဗန်ဒိုက်တစ်ယောက် ဒူးမှာ ပွန်းရာ အရှည်ကြီး ရသွားခဲ့ပါတယ်။

ပွဲအပြီးမှာ သူ့ရဲ့ အသား ပဲ့သွားတာအတွက် အသင်းခေါင်းဆောင်က သူ့ကို သိပ်မကြည့်ပါဘူးလို့ ထရန့်က အရွှန်းဖောက်ခဲ့ပါတယ်။ LFC TV ကနေပြီး “ ကပ်ကြီးက မင်းကြောင့် သိပ်တော့ ပျော်နေပုံ မရဘူးနော်?” လို့ ထရန့်ကို မေးခဲ့တယ်။

ရယ်နေတဲ့ မျက်နှာဖြင့် ထရန့်ကပဲ “ အဲ့တာကြောင့် ကျနော် ဒူးနဲ့ လျှောတိုက် အောင်ပွဲမခံတာလေ။ အခုတော့ ဗန်ဒိုက်ရဲ့ ဒူးမှာ ပွန်းပဲ့ရာတွေရသွားပြီ။

ဗန်ဒိုက်က အရမ်းတည်ငြိမ်ပြီး အေးဆေးရှိတဲ့ ကစားသမားမျိုး။ သူ့လို လူကတောင် ကိုယ်တိုင် ဂိုးသွင်းတာ မဟုတ်ပါဘဲ ဒူးနဲ့ လျှောတိုက် အောင်ပွဲခံတယ်ဆိုမှတော့ အနိုင် ၃ မှတ်ရတာဟာ ကလပ်အတွက် ဘယ်လောက်တောင် အရေးပါသလဲ တွေးကြည့်ကြပေါ့။ တကယ့်ကို အဖိုးတန်ခဲ့တာပါ ” လို့ ဖြေဆိုခဲ့ပါတယ်။

လီဗာပူး အသင်းဖော်တွေ အားလုံးနီးပါး တင်ပါးနဲ့ လျှောတိုက် အောင်ပွဲခံပေမယ့် ဗန်ဒိုက်ကတော့ ဒူးနဲ့ လျှောတိုက်ခဲ့တာပါ။ အဲ့လို အောင်ပွဲခံမှုမျိုးက အခန့်မသင့်ရင် ဒဏ်ရာရနိုင်တာမို့ သူရှောင်ခဲ့တာပါလို့ ထရန့်က ရှင်းပါတယ်။

“ အခန့်မသင့်ရင် ဒူးမှာ ဒဏ်ရာတွေရသွားနိုင်တယ်လေ။ ဒါကြောင့်ပဲ ကျနော် လျှောတိုက် အောင်ပွဲခဲ့တာမျိုးကို စွန့်စားမှု မလုပ်ခဲ့တာပါ။

ကျနော် အရှိန်နဲ့ ပြေးလွှား အောင်ပွဲခံမှတော့ တစ်ခုခု လုပ်ရတော့မယ်၊ ဆက်လည်း မပြေးချင်တော့ဘူး။ အဲ့တော့ ရင်ဘတ်နဲ့ လျှောတိုက်လိုက်တာက စိတ်အချရဆုံး အောင်ပွဲခံနည်းပါပဲ ” လို့ ထရန့်က ပြောဆိုသွားတာ ဖြစ်ပါတယ်။