

အာဆင်နယ်ဟာ လူတန်တောင်းကို အဝေးကွင်းမှာ ၃-၄ ဖြင့် အနိုင်ရခဲ့ခြင်းကြောင့် အမှတ်ပေးဇယားမှာ လီဗာပူးကို ၅ မှတ် ဖြတ်သွားခဲ့ပါပြီ။
လက်ရှိ ခြေစွမ်းနဲ့ဆိုရင် မန်စီးတီးဟာ လီဗာပူးနဲ့ အာဆင်နယ်ကို ကျော်ပြီး ပရီးမီးယားလိဂ်ဖလားကို ၄ ရာသီဆက် အောင်မြင်နိုင်တယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။
မန်စီးတီး ၄ ရာသီဆက် ဖလားမရနိုင်ဘူး ပြောရအောင် ကာရေဂါဟာ ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်မှတောင် မနိုင်ဖူးဘူးလို့ ဂွာဒီယိုလာက မှတ်ချက်ပေးခဲ့တယ်။
လီဗာပူး ခံစစ်မှူးဟောင်းကတော့ အသင်းကို nation state ပိုင်ရှင်တွေ ပိုင်ဆိုင်ထားပြီး FFP ကို ဘေးဖယ်ထားလို့ရရင် အနည်းဆုံး ၁ ကြိမ်တော့ အနိုင်ရမှာပါလို့ တုန့်ပြန်ခဲ့ပါတယ်။
ဒီနေ့ည ရှက်ဖီးယူနိုက်တက်ပွဲမှာ အယ်လီဆန် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် အတော်လေး အခြေအနေ ကောင်းမွန်နေပြီလို့ သိရပါတယ်။ ဂျိုတာကလည်း အပြင်မှာ ပြန်ပြေးနေပါပြီ။
မာတစ်ရဲ့ ဒူးဒဏ်ရာဟာ သီတင်းပတ်အဆင့် မဟုတ်ဘဲ လအတန်ကြာ အနားယူအောင် ပြင်းထန်ပါတယ်။ ဒဏ်ရာ အသေးစိတ်သိရဖို့ စကန်ရလဒ်ကို စောင့်နေဆဲပါ။
ဖူလ်ဟမ်ပွဲမှာ သူ့ရဲ့ သွင်းဂိုးကြောင့် ဒီလ အကောင်းဆုံး ဂိုးသမားဆု ငါပဲရတော့မှာလို့ တွက်ဆထားပေမယ့် မိနစ် ၂၀ အကြာမှာ မာကာက အံ့ဖွယ် ဂိုးကြီး ထသွင်းသွားတော့တာပဲလို့ ထရန့်က မှတ်ချက်ပေးခဲ့ပါတယ်။
တစ်ကျော့ပြန် ရှက်ဖီးမန်နေဂျာဘဝ ပထမဆုံးပွဲမှာ ဥရောပ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးကို ရင်ဆိုင်ရမှာကို ဝိုက်ဒါက ပျော်နေပြီး တုန့်ပြန်ပြနိုင်ဖို့ စိတ်ပြင်းပြနေပါတယ်။
နည်းပြကလော့ပ်ဟာ သူ့ကို ယုံကြည်မှုတွေ ပေးခဲ့ပြီး အန်ဖီးမှာ စတင် အခြေကျလာနေပြီလို့ ကွင်းလယ်လူ ရိုင်ယန်က ဆိုပါတယ်။
လီဗာပူးအသင်းနဲ့ အင်တာမီလန် ကွင်းလယ်လူ Hakan Calhanoglu ရဲ့ အေးဂျင့်ကြား ဒီအပတ်ထဲမှာ တွေ့ဆုံမှု ရှိခဲ့တယ်လို့ သတင်းထွက်နေပါတယ်။
ဇန်နဝါရီ စျေးကွက်အကြိုမှာ ဥရောပ ကစားသမား အချို့ရဲ့ အေးဂျင့်တွေဟာ လီဗာပူးကို ဆက်သွယ်ပြီး သူတို့ ကစားသမားတွေကို ခေါ်ယူနိုင်ကြောင်း အကြောင်းကြားမှုတွေ ရှိလာနေပါတယ်။