တန်းတက် ကလပ်တွေနဲ့ဆို ရလဒ်မကောင်းတဲ့ လီဗာပူးတို့ ရှက်ဖီးကွင်းမှာ အခြေအနေ ကောင်းမလား ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်

ဒီကနေ့ည ကြာသပတေးနေ့ မနက် ၂ နာရီမှာတော့ လီဗာပူးအသင်းဟာ မန်နေဂျာ အပြောင်းအလဲ ပြုလုပ်ထားတဲ့ ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။

ပုံမှန်အားဖြင့်တော့ အမှတ်ပေးဇယား အဆင့် ၂ နဲ့ အဆင့် ၂၀ က အသင်းတို့ ထိပ်တိုက်တွေ့ရာမှာ ဘာစိုးရိမ်မှုမှ ရှိစရာ မလိုပါဘူး။ ဒါပေမယ့် လီဗာပူးအသင်းရဲ့ တန်းဆင်းဇုန် ကလပ်တွေကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်တဲ့ မှတ်တမ်းတွေအရ ဒီပွဲက အတော်လေး သတိထားစရာ ဖြစ်ပါတယ်။

ဘီဘီစီမှ ခရစ်ဆက်တန်ကတော့ ဒီပွဲမှာ လီဗာပူးအသင်း ဂိုးပြတ် အနိုင်ရမယ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ကတော့ ” ဘုန်းမောက်နဲ့ ဘန်လေလို တန်းတက်အသင်းချင်း ရင်ဆိုင်ရာမှာ ရခဲ့တဲ့ ရလဒ်တွေကြောင့် ရှက်ဖီးယူနိုက်တက်က သူတို့ မန်နေဂျာကို ခပ်မြန်မြန် လမ်းခွဲဖို့ လုပ်ခဲ့တဲ့အပေါ် ကျနော်တော့ မအံ့ဩပါဘူး။

မန်နေဂျာသစ်နဲ့အတူ ပထမဆုံး ကိုင်တွယ်ရမယ့် ပွဲစဉ်မှာ ဘာတွေဖြစ်လာမလဲက စိတ်ဝင်စားစရာပါ။ သို့ပေမယ့် ခရစ်ဝိုက်ဒါ ရောက်လာတာက ကြီးကြီးမားမား ခြားနားစေမှာတော့ မဟုတ်ပါဘူး။ ရှက်ဖီးယူနိုက်တက်ရဲ့ ခံစစ်က အရမ်းကို စိုးရိမ်စရာ ကောင်းလွန်းနေပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ လီဗာပူးက အံ့အားသင့်စရာ come back ကို လုပ်ပြခဲ့ပါတယ်။ အခုချိန်မှာ သူတို့က ဖလားပြိုင်ပွဲ ပြေးလမ်းထဲ စတင်ကာ ဝင်ရောက်လာနေပါပြီ။

ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် နိုင်ပွဲဖြစ်သင့်ပြီး သူတို့ရဲ့ လူစာရင်း တောင့်တင်းမှုတွေအရ သက်သောင့်သက်သာ အနိုင်ရသင့်ပါတယ်။ ” လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ ရှက်ဖီး ယူနိုက်တက် ၀-၃ လီဗာပူး ပဲ ဖြစ်ပါတယ်။