

လိုအပ်ချက်တွေနဲ့ စွမ်းဆောင်ရည်
ပရီးမီးယားလိဂ် တန်းတက်ကလပ်ကို သွားရောက် ရင်ဆိုင်ရခြင်း ဆိုပေမယ့် လီဗာပူးထံက ထူးချွန် ခြေစွမ်းမျိုး မြင်ခဲ့ရခြင်း မရှိပါဘူး။ သို့ပေမယ့်လို့ ဒီလို အသင်းတွေကို အဝေးကွင်း သွားကစားတိုင်း ရလဒ်မကောင်းတာကိုတော့ ရှက်ဖီးပွဲမှာ ကောင်းကောင်းကြီး ချေဖျက်နိုင်ခဲ့ပါပြီ။
အသင်းက ခံစစ်ပိုင်းမှာ အခွင့်အရေး အကြိမ်ကြိမ် ပေးနေရတာမျိုး မဟုတ်ခဲ့ဘဲ ဂိုးမက်စ်ရဲ့ ကြောင်အအ တစ်ချက်လောက်ပဲ ဝေဖန်စရာ ဖြစ်ခဲ့ပါလိမ့်မယ်။ ဒီပွဲမှာ လိုအပ်ချက် များခဲ့တာက တိုက်စစ်ပိုင်း တွဲဘက်မှုဖြစ်ပြီး ကွင်းရဲ့ အခြား တစ်ဖက်ခြမ်းမှာ အသင်းရဲ့ လိုအပ်ချက်တွေ ပိုများခဲ့ကာ မာကာကလည်း ရုန်းကန်နေခဲ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံး ရလဒ်ကတော့ နိုင်ပွဲရဖို့ဖြစ်ပြီး ယုံကြည်မှုတွေ တိုးလာခြင်းနဲ့အတူ အသင်းရဲ့ ခြေစွမ်းပိုင်း၊ အသင်းလိုက်ပိုင်းတွေဟာ လက်ရှိထက် ပိုပြီး ကောင်းလာဖို့တော့ မျှော်လင့်မိတာ ဖြစ်ပါတယ်။
ကွင်းလယ် ၃ ယောက်တန်း
ဒီနေ့ပွဲမှာ ပွဲထွက်ခဲ့တဲ့ ကွင်းလယ် ၃ ယောက်တန်းဟာ ပရိသတ် တောင်းဆိုမှုများတဲ့ ကွင်းလယ်ပဲ ဖြစ်ပါတယ်။ အန်ဒိုက ကွင်းလယ်ခံစစ်မှာ ပွဲထွက်ပြီး မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့က နံပါတ် ၈ နေရာ ဘယ် ညာ တွေက ပွဲထွက်ပါတယ်။
ဒီနေ့ပွဲမှာတော့ ဒီ ၃ ယောက်ထဲမှာ ခြေစွမ်း အညံ့ဆုံးက မာကာ ဖြစ်ပါတယ်။ မာကာကို အတော်များများက နံပါတ် ၈ နေရာ မျှော်လင့်နေပြီး တိုက်စစ်ကို လွတ်လပ်စွာ လိုက်ခွင့်ရတာမျိုး ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ဒဏ်ရာကြောင့်လား ပွဲပန်းနေတာကြောင့်လား မပြောနိုင်ဘဲ သိပ်တော့ အဆင်မပြေပါဘူး။
မာကာက ပထမပိုင်း ဘောလုံးထိချက် မမြင်ရသလောက် ဖြစ်နေချိန် အန်ဒိုကတော့ မျှော်လင့်ထားတာထက် ပိုကစားနိုင်ပြီး ဂျပန်သားဟာ လိုင်းတွေကို ဖောက်ပြီး ဘောလုံး ပေးနိုင်စွမ်းရှိတာကို မြင်ရပါတယ်။ ဘောလုံးရလာတဲ့ ပြိုင်ဘက်ကို ဝင်ကိုင်တွယ်ရာမှာတော့ သေသပ်မှုပိုင်း အားနည်းပါတယ်။
Endo’s performance against Sheffield today was yet again immaculate.
He’s really starting to step up, and with Mac Allister out with his knee injury we really need Endo to take up that role and make it his own.
🎬: @1947production
pic.twitter.com/svxXbdAIsb— LFC Transfer Room (@LFCTransferRoom) December 7, 2023
ဆိုဘိုစလိုင်ကတော့ ကစားတာ အညံ့ကြီး မဟုတ်ပေမယ့် ပွဲအပေါ် သက်ရောက်မှုရှိတဲ့ လွှမ်းမိုးမှုကြီးတဲ့ ကစားဟန်မျိုးတော့ မပြသနိုင်ပါဘူး။ ပွဲနောက်ဆုံး မိနစ်မှာတော့ ဒါဝင်ရဲ့ ပေးချက်ကနေ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကွင်းလယ် ၃ ယောက်တန်းဟာ မဆိုးလှဘူးလို့ ပြောနိုင်တဲ့ အနေအထားလောက်ပဲ ရှိခဲ့ပါတယ်။
တစ်ကျော့ပြန် ကျောက်ဆောင်ကြီး
Virgil van Dijk vs Sheffield United
92% Pass accuracy
4/6 Accurate long passes
2/3 Shots on target
1 Goal
6/8 Duels won
2/2 Tackles won
4 ClearancesThe captain has been a lot closer to his best this season, and that is a level matched by very few defenders. Imperious. pic.twitter.com/XlHsEY41U7
— The Tactical Times (@Tactical_Times) December 6, 2023
ဒီနေ့ပွဲမှာ သဘောအကျဆုံးကတော့ ဗန်ဒိုက် ဖြစ်ပါတယ်။ ခံစစ်မှူးကြီးဟာ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနေတာ သတိပြုမိလာနေခဲ့ကြပြီး ရှက်ဖီးပွဲမှာ သူ့ရဲ့ အရေးပါတဲ့ တာဝန်ယူမှုတွေကို မြင်ခဲ့ရပါတယ်။
ပွဲအဖြေကို သက်ရောက်နိုင်တဲ့ ခံစစ်ပိုင်း ပိတ်ကာမှု တစ်ကြိမ်ကို သူလုပ်ပြခဲ့ပါတယ်။ ကိုယ်တိုင်လည်း သွင်းဂိုး ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ကိုနတေးကလည်း အမြင့်ဘော အများအပြားကို ကြိုးစားပေးခဲ့ပေမယ့် ဒီပွဲကတော့ ဗန်ဒိုက်ရဲ့ ခံစစ်ပိုင်း စုဖွဲ့ပေးမှု ကောင်းမွန်ခြင်းကြောင့်ပဲ အသင်း ဖိအားမများခဲ့ရတာ ဖြစ်ပါတယ်။
ဖြုန်းတီးကျတဲ့ တိုက်စစ်သမားများ
ရှက်ဖီးကို ရင်ဆိုင်ရာမှာ လီဗာပူးတိုက်စစ်က အခွင့်အရေး မရတာမျိုး မဟုတ်ပါဘူး။ ပွဲအစောတည်းကတင် ဂိုးရလောက်တဲ့ အခွင့်အရေးကြီးတွေ ရှိခဲ့ပါတယ်။ ဆာလာ ဦးဆောင်တဲ့ တိုက်စစ်ပိုင်းဟာ အဆုံးသတ်ပိုင်းတွေမှာ သွေးအေးဖို့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဒါဝင်ကလည်း နယူးကာဆယ် ပွဲပုံစံ ဂိုးသွင်းနိုင်ခွင့် ရခဲ့ပေမယ့် တစ်ပွဲလုံး လက်စွာနေတဲ့ ရှက်ဖီး ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆိုဘိုရဲ့ သွင်းဂိုးအတွက် ဒါဝင် ဂိုးထောက်ပံ့ပေးလိုက်နိုင်တာက အသင်းကို အားတက်စေခဲ့ပါတယ်။
ချန်ပီယံ ပြေးလမ်းထဲ စတင်ဝင်ရောက်နေခြင်း
လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှု ပြေးလမ်းထဲ ဝင်လာပြီ ဆိုတဲ့ စကားကို ဒီအချိန်မှာ လုံးဝ မကြားချင်ပါဘူး။ တတ်နိုင်သလောက် စောင့်ကြည့်မှုတွေ၊ ဖိအားတွေနဲ့ အဝေးမှာ ယုံကြည်မှုတွေ ရယူနေပြီး နိုင်ပွဲတွေ ရယူနေတာမျိုးပဲ မြင်ချင်ခဲ့တာပါ။ တကယ်တမ်း ဖလား စိန်ခေါ်နိုင်မလားဟာ မတ်၊ ဧပရယ်၊ မေလလောက်မှ အမြဲတမ်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ ဒီရာသီ မန်စီးတီး ကျဆင်းနေမှုအရ ရှေ့က ပြေးနေတဲ့ အာဆင်နယ်နောက်မှာ အမြဲ ရှိနေတာက လီဗာပူး ဖြစ်နေပါတယ်။ မကြာခင် လတွေမှာ အာဆင်နယ်နဲ့ လီဗာပူးကြား နှိုင်းယှဉ်မှုတွေ များပြားလာပါလိမ့်မယ်။
ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ အသားကျနေပြီဖြစ်တဲ့ ဒီဖိအားကို အသင်းက ကစားသမားအချို့ ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ပါတယ်။