နည်းပြကလော့ပ်ကတော့ ဇန်နဝါရီမှာ ခံစစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့က လွယ်ကူမှာ မဟုတ်ဘဲ လူစာရင်းအတွက် မှန်ကန်တဲ့ ကစားသမား ဖြစ်လာနိုင်မယ့်သူမျိုးကိုပဲ အသင်းဘက်က ခေါ်ယူလိမ့်မယ်လို့ ဆိုပါတယ်။
မာတစ်ကို ရာသီကုန်ထိ လက်လွတ်ရမှာ သေချာခဲ့တဲ့နောက် လီဗာပူးအသင်းက ဗဟိုခံစစ်မှူးသစ် ရှာဖွေနေကြောင်း သတင်းကြီးလာနေပါတယ်။ နည်းပြကလော့ပ်ကတော့ ကိစ္စတွေက အဲ့လောက် မရိုးရှင်းဘူးလို့ ပြောဆိုပြီး လက်ရှိ ခံစစ်အင်အားကို ကျေနပ်မှုရှိတယ်လို့ ဆိုလာပါတယ်။
ကလော့ပ်ကတော့ “ အပြောင်းအရွှေ့ ကိစ္စတွေကို ကမ္ဘာပေါ်မှာ လုပ်ရ အလွယ်ကူဆုံး ကိစတွေလိုမျိုး လူတွေက ပြောဆိုတတ်ကြတယ်။ အပြောင်းအရွှေ့ လုပ်နိုင်ဖို့ ပိုက်ဆံလိုပါတယ်။ မှန်ကန်တဲ့ ကစားသမားလည်း ဖြစ်ရပါမယ်။
ကျနော်တို့အသင်းမှာ ခံစစ်မှူး ၄ ဦး ရှိနေပါတယ်။ ကလပ် တစ်သင်းသင်းက သူတို့ရဲ့ အကောင်းဆုံး ခံစစ်မှူးကို ရောင်းလိုတာများရှိရင် တစ်ယောက်လောက်ပဲ ပြောကြည့်ကြည့်ပါ။
အခု အသင်းပိုင်ဆိုင်ထားတဲ့ ခံစစ်မှူး ၄ ယောက်နဲ့တင် ပြည့်စုံနေလားဆိုရင် ပြည့်စုံပါတယ်။ များပြားလှတဲ့ ပွဲစဉ်တွေက ရောက်လာတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်ယောက် ပြန်ပြီး ကြံ့ခိုင်လာချိန်ထိ ကမ္ဘာ့အဆင့် ခံစစ်မှူး တစ်ဦးကို ခေါ်ယူထားရအောင်တော့ ဘဝကြီးက အဆင်ဘယိချောနေမလဲဗျာ။
အခြားသော ကလပ်တွေက သူတို့ ခံစစ်သမားကို ခေါ်ယူပါလို့ ခပ်လွယ်လွယ် သဘောမတူသမျှတော့ ခံစစ်မှူးသစ် ခေါ်ယူရေး ဖြစ်လာမယ် မထင်ပါဘူး။
ကျနော်တို့မှာ ခံစစ်ပိုင်း ပြဿနာဖြစ်လာတာ ၅ ရက်ပဲ ရှိပါသေးတယ်။ ဒီတော့ ခံစစ်မှူးသစ် ကိစ္စက ဖြစ်မလာသေးဘူးလို့ပဲ ထင်ပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။