

အယ်လီဆန် ဘက်ကာဟာ ပဲလေစ့်ပွဲကြို အသင်းလေ့ကျင့်ရေးမှာ ပါဝင်ခဲ့တာမို့ ဒီညပွဲမှာ ပွဲထွက်ဖို့ရာ အခွင့်အရေး ရှိနေပါတယ်။
ဇန်နဝါရီမှာ လီဗာပူးအသင်း ခံစစ်မှူးသစ် သေချာပေါက် ခေါ်ယူမယ်လို့ နည်းပြကလော့ပ်က အာမခံချက် မပေးပါဘူး။ ငွေသုံးရမှာ ဖြစ်သလို မှန်ကန်တဲ့ ကစားသမားဖြစ်ဦးမှလို့ ဆိုပါတယ်။
မက်ကယ်လစ္စတာဟာ ဒဏ်ရာကြောင့် ပဲလေစ့်ပွဲကို လွဲချော်နိုင်သလို ယူရိုပါလိဂ် အဝေးကွင်းပွဲနဲ့ မန်ယူနိုက်တက် ပွဲတွေကိုပါ ကစားနိုင်ဖို့ မသေချာပါဘူး။
လီဗာပူးရဲ့ ယူရိုပါလိဂ်ပွဲမှာ မိုဆာလာရဲ့ လာဘ်ကောင်ဖြစ်တဲ့ ၆ နှစ်အရွယ် ကောင်မလေးက သူမ အကြိုက် ဆုံး လီဗာပူး ကစားသမားက ဂျရတ်ဖြစ်ပြီး ဒုတိယက ဆာလာဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဆာလာကတော့ ဂျရတ် ကစားတာ မမြင်ဖူးဘဲနဲ့လို့ ပြန်ပြီး စနောက်ခဲ့ပါတယ်။
ဗန်ဒိုက်က ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးဖြစ်ပြီး သူ့ဟာ လီဗာပူးအတွက် အရမ်းကို အရေးကြီးတဲ့ ကစားသမား ဖြစ်ပါတယ်လို့ နည်းပြကလော့ပ်က ထုတ်ပြောပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘောလုံး ပြန်လည် ဆယ်ယူမှု အမြင့်ဆုံး ကစားသမားက လီဗာပူး ကွင်းလယ်လူ ဆိုဘိုစလိုင်ပဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းကို ပြောင်းရွှေ့လာချိန်မှာ နည်းပြကလော့ပ်က အခွင့်အရေး ပေးမှာဖြစ်ကြောင်းနဲ့ ရလာတဲ့ အခွင့်အရေးကို အရယူဖို့ ကြိုတင် သတိပေးခဲ့တယ်လို့ ကွင်းလယ်လူ ရိုင်ယန်က ဆိုပါတယ်။
ဆရာဟောင်းဖြစ်တဲ့ ဝုဒ်ဂန်းဖရန့်ထံက နည်းပြဆာချီနဲ့ နည်းပြရွိုင်ဟော့ဆန်တို့ရဲ့ ၄-၄-၂ နည်းစနစ်တွေကို ပြသကာ လမ်းညွှန်မှု လုပ်ပေးခြင်းကို ခံခဲ့ရပါတယ်လို့ ကလော့ပ်က ဝန်ခံပါတယ်။
လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ၁၁ vs ၁၁ အပြင် ၁၁ vs ၁၀ ကိုလည်း မကြာခဏ လေ့ကျင့်မှု ပြုလုပ်ကြတယ်လို့ သိရပါတယ်။
ကလော့ပ်က ငြင်းဆန်နေပေမယ့် လီဗာပူးအသင်းဟာ ဇန်နဝါရီ စျေးကွက်အတွက် ကစားသမား စောင့်ကြည့်မှုတွေကို အရှိန်မြင့်နေပြီး ဘွန်ဒက်လီဂါနဲ့ ပေါ်တူဂီလိဂ်က ကစားသမားတွေ အများစု ပါဝင်နေပါတယ်။