

လီဗာပူးအသင်းဟာ ဒီညမှာတော့ ဝါရင့်နည်းပြ ရွိုင်ဟောင်ဆန်နဲ့အတူ ရလဒ်ဆိုးတွေကြောင့် ဖိအားဝင်နေတဲ့ ပဲလေစ့်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒီရာသီ အဝေးကွင်း ၈ ပွဲကစားရာမှာ လီဗာပူးအသင်းဟာ ၃ ပွဲပဲ အနိုင်ရကာ ၄ ပွဲ သရေကျပြီး ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ ပရီးမီးယားလိဂ် စိန်ခေါ်နိုင်ရေးအတွက် လီဗာပူးရဲ့ အဝေးကွင်းရလဒ်တွေ တိုးတက်လာရမှာဖြစ်ကာ ဒီလိုပွဲစဉ်ကို သေချာပေါက် အနိုင်ယူဖို့ လိုအပ်ပါတယ်။
Team news
- မက်ကယ်လစ္စတာ ဒဏ်ရာကြောင့် မပါနိုင်ပါဘူး။
- အယ်လီဆန် လေ့ကျင့်ရေး ပြန်ဝင်ထားပြီး ပွဲထွက်လာနိုင်မလား မသိရသေးပါဘူး။
- ပွဲကြပ်ကာမို့ အလှည့်ကျ လူထုတ်မှုတွေ ရှိလာပါမယ်။
Liverpool’s XI vs. Crystal Palace
ဒီပွဲမှာတော့ ခံစစ်က ရွေးချယ်စရာ နည်းပါပြီး ရှက်ဖီးပွဲမှာ အနားပေးခံထားရတဲ့ ကိုစတက်ကို ထရန့်၊ ဗန်ဒိုက်၊ ကိုနတေးတို့ဖြင့် တွဲဘက်ပေးဖွယ် ရှိပါတယ်။ ဒီပွဲမှာတော့ ဘရတ်ဒလေ၊ ကွမ်းဆက်နဲ့ ချမ်ဘာတို့လို အကယ်ဒမီ ခံစစ်သမားတွေကို အရန်စာရင်းက မြင်ရမှာပါ။
ကွင်းလယ်မှာ မာကာ မပါနိုင်တာကြောင့် အန်ဒိုကို နံပါတ် ၆ နေရာ ထားဖွယ် ရှိပါတယ်။ ကွင်းလယ် တည်ငြိမ်စေဖို့ ဆိုဘိုစလိုင်ကို ဆက်လက် ပွဲထုတ်ပြီး ဘယ်ခြမ်းမှာတော့ ဂရာဗင်ဘက်ချ်ကို ပွဲထုတ်လာဖို့ ရှိပါတယ်။ ဂျုံးနဲ့ ဟာဗေးတို့ကတော့ အရန်ကနေပဲ အားဖြည့်ပေးမှာ ဖြစ်ပါတယ်။
တိုက်စစ်က ဂက်ပို၊ ဒါဝင်နဲ့ ဆာလာအတွဲဖြစ်လာဖို့ ရှိနေကာ ပွဲခပ်စောစော ဖြတ်နိုင်ခဲ့ရင်တော့ ဒုတိယပိုင်း အစမှာတင် လူစားလဲမှု အနည်းငယ် ပြုလုပ်နိုင်ပါတယ်။
ဒီပွဲအပြီး ယူရိုပါလိဂ်ပွဲ ကစားရဖို့ ရှိနေပေမယ့် လီဗာပူးအသင်းက အုပ်စုဗိုလ်အဖြစ် ရှုံးထွက်ကို တက်ရောက်ခဲ့ပြီမို့ စီနီယာကစားသမားတွေကို အဲ့ပွဲကျမှ အနားပေးတာမျိုး ဖြစ်လာနိုင်ပါတယ်။