

လီဗာပူးအသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲအတွက် ဘယ်ဂျီယံကို အသင်းသား ၂၃ ဦးပါ လူစာရင်းဖြင့် ထွက်ခွာသွားပြီဖြစ်ပါတယ်။ အယ်လီဆန်၊ ဗန်ဒိုက်၊ ထရန့်နဲ့ ဆာလာတို့ကတော့ လိုက်ပါသွားခြင်း မရှိပါဘူး။
အင်္ဂလန်ကလပ်တွေထဲမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ် ၆ ပွဲလုံး အနိုင်ရတဲ့ ကလပ် ၂ သင်းပဲ ရှိဖူးပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ လီဗာပူးနဲ့ ဒီရာသီ မန်စီးတီးပဲ ဖြစ်ပါတယ်။
မနှစ်ကရာသီ လီဗာပူးကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရသွားတဲ့ နယူးကာဆယ်ဟာ အုပ်စုအဆင့်မှာ စတုတ္ထနေရာပဲ ရတာမို့ ရှုံးထွက်ကို တက်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။
အန်ဖီးကွင်းဟာ ဒီအပတ်မှာ ပရိသတ် ၅၇၀၀၀ ကို စတင် ဧည့်ခံမှာဖြစ်ကာ ပရိသတ် ၆၁၀၀၀ အပြည့် ဝင်ရောက်ခွင့်ကတော့ ၂၀၂၄ ဇန်နဝါရီလ အကုန်လောက်မှ ဖြစ်လာပါလိမ့်မယ်။
လိုက်ဇစ်ထံ အငှားချရာမှာ ပွဲကစားခွင့် နည်းပါးနေတဲ့ ကာဗာရိုကို ဇန်နဝါရီမှာ ပြန်လည် ခေါ်ယူဖို့ လီဗာပူးဘက်က စတင် စကားပြောနေပါတယ်။
မာကာဟာ ဒူးနဲ့ ကြွက်သားနားမှာ ဒဏ်ရာရနေတာဖြစ်ပြီး အဲ့တာ ပြန်ပြီး မသက်သာလာသေးသမျှတော့ အနားယူနေရဦးမှာဖြစ်ကာ ဒီဇင်ဘာလ ပွဲအချို့ကို ဆက်လက် လွဲချော်သွားပါမယ်။
သွင်းဂိုး ၂၀၀ ပြည့်သွားတဲ့ ဆာလာကတော့ လီဗာပူးမှာ ပျော်နေပါတယ်လို့ ထုတ်ပြောလာခဲ့တာကြောင့် ဇန်နဝါရီမှာ သူ့ကို ခေါ်ယူဖို့ ကြိုးစားမယ့် ဆော်ဒီကလပ်တွေကို နောက်ဆုတ်သွားစေမှာပါ။
လီဗာပူးအသင်းဟာ ခံစစ်မှူး ကိုနတေးကို ကာလရှည် သက်တမ်းတိုးဖို့ စတင် စကားပြောနေပြီလို့ သိရပါတယ်။
ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ခေါ်ယူဖို့ လီဗာပူးအသင်း ကြိုးစားသွားတော့မှာ မဟုတ်ပါဘူး။ ဖူလ်ဟမ်ဘက်က ပေါင် သန်း ၇၀ ရလိုပြီး ဒါဟာ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူအတွက် သင့်လျော်တဲ့ ပမာဏလို့ အသင်းဘက်က မမြင်ပါဘူး။