မာကာရဲ့ ဒဏ်ရာဟာ မပြင်းထန်ပေမယ့်လို့ နာကျင်မှုက ရှိနေဆဲဖြစ်ကာ ဒီအပတ် မန်ယူနိုက်တက်ပွဲကို ပါဝင်ကစားပေးဖို့ မသေချာဘူးလို့ သိရပါတယ်။
ကလော့ပ်ကတော့ တစ်ရက်ချင်း အခြေအနေ စောင့်ကြည့်နေပြီး ဒဏ်ရာက နည်းနည်းနက်သွားခဲ့တာကြောင့် ပိုးတွေ မဝင်ဖို့လည်း ဂရုစိုက်နေရတဲ့ အခြေအနေပါ။ ဒီလို ဒဏ်ရာမျိုးဟာ ပြန်သက်သာလာဖို့ ၁၅ ရက်လောက် အချိန်ယူရတယ်လို့ သိရပြီး မာကာကတော့ ၁ ပတ်လောက်ပဲ ရှိပါသေးတယ်။
ကလော့ပ်ကတော့ “ ကျနော်က ဆရာဝန်တစ်ယောက် မဟုတ်ပါဘူး။ မာကာ အဆင်သင့် မဖြစ်သေးဘူးဆိုတာ သူတို့ ကျနော်ကို ရှင်းပြပါတယ်။ ဒဏ်ရာဖြစ်ဖြစ်ချင်း ကျနော်တို့ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေဖြစ်ပါတယ်။
ရှက်ဖီးကစားသမားက သူ့ရဲ့ ဒူးကို နင်းမိခဲ့တာပါ။ အရိုးနားက ကြွက်သားတွေ ထိခိုက်သွားခဲ့ပါတယ်။ အခုတော့ ဒူးအခြေအနေ ပြန်ပြီး ကောင်းမွန်လာဖို့နဲ့ နာကျင်မှုကို မခံရတော့ဖို့ကို စောင့်ကြည့်နေပါတယ်။
မာကာက မာကျောတဲ့ ကစားသမားပေမယ့် ဒဏ်ရာက အတော်လေး နာပါတယ်။ အနာကနေ ပိုးဝင်တာတွေ မဖြစ်ဖို့ ကျနော်တို့ လုပ်နေပါတယ်။ အရင်တုန်းက ကျနော်တို့ ကစားသမားတွေကနေ ဒီဒဏ်ရာ ရတာမျိုး မမြင်ဖူးပါဘူး။ အရမ်းကြီးတော့ မကြာဖို့ မျှော်လင့်ပါတယ်။ တစ်ရက်ချင်း စောင့်ကြည့်နေပါတယ်။
ယူနိုက်တက်ပွဲကို သူပါဝင်နိုင်လောက်ပေမယ့် အဆင်သင့်တော့ မဖြစ်လောက်ပါဘူး။ နောက်ထပ် ၃ ရက် ၄ ရက်နေရင် အခြေအနေ ဘယ်လိုရှိမလဲ ကြည့်ရပါမယ် ” လို့ ပြောပြခဲ့ပါတယ်။
မာကာ မရှိချိန် အန်ဒိုကို နံပါတ် ၆ နေရာတွက် သုံးနေတာဖြစ်ကာ ယူနိုက်တက်ပွဲမှာတော့ အန်ဒိုကိုပဲ ပွဲထုတ်လာမယ်လို့ ခန့်မှန်းရပါတယ်။