

ယူနိုက်တက်ကို အထင်သေးပြီး ယှဉ်ပြိုင်တာမျိုးကို အလိုမရှိဘဲ ကလပ်ရဲ့ သမိုင်းဝင် ပြိုင်ဘက်ကို ရင်ဆိုင်ရမယ့် အကောင်းဆုံးပွဲမှာ အပြည့်အဝ ပေးဆပ်ကစားတာ မြင်လိုတယ်လို့ နည်းပြကလော့ပ်က သတိပေးပါတယ်။
ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားဟာ လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်မယ်လို့ သိရပါတယ်။
ဆော်ဒီလိဂ် အကြီးအကဲကတော့ မိုဆာလာကို ခေါ်ယူချင်ကြောင်း သူတို့ ဆန္ဒကို ထပ်မံ ဖော်ထုတ်လာပြီး ဇန်နဝါရီစျေးကွက်မှာ ကြိုးစားမှု လုပ်ကြည့်မယ့် အလားအလာမျိုး ပြသနေပါတယ်။
မိုဆာလာရဲ့ လီဗာပူး ကစားသမားဘဝမှာ အခြားသော အသင်းတွေထက် ယူနိုက်တက်ဘက်ကို ဂိုးပိုသွင်းထားနိုင်ပြီး ၁၂ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
စကိုင်းစပေါ့ရဲ့ ပွဲကြို သုံးသပ်မှုမှာ ကာရေဂါနဲ့ ဂယ်ရီနဗီးတို့ စကားပြောကြစဉ် လီဗာပူး ခံစစ်မှူးဟောင်းကတော့ ဒီပွဲမှာ ကလော့ပ်ရဲ့အသင်း နိုင်မယ်လို့ သူ ယုံကြည်ချက် အပြည့်ရှိကြောင်း ပြောဆိုပါတယ်။
ဩဂုတ်လတုန်းက ချန်ပီယံ ဖြစ်နိုင်ချေ ၃.၅% ရှိတဲ့ လီဗာပူးအသင်းဟာ ယူနိုက်တက်ပွဲ မတိုင်ခင်မှာ ဒီရာသီ ချန်ပီယံဖြစ်နိုင်ချေ ၃၁.၅% ထိ မြင့်တက်သွားပြီ ဖြစ်ပါတယ်။
ကောလဟာလသတင်း ဆိုပေမယ့် လီဗာပူးအသင်းက သီယေဂိုအား စာချုပ်သစ် ပေးနိုင်ကြောင်း အသံထွက်နေပါတယ်။ အသင်းဟာ သီယေဂိုရဲ့ ဒဏ်ရာကို ကာလရှည် ကုသပေးနေပြီး ၂၀၂၃ တစ်နှစ်လုံး နီးပါမှာ စပိန်သားအား အနားပေးထားရတာ ဖြစ်ပါတယ်။
ဟူးစီးတီးမှာ အငှားထွက်နေတဲ့ လီဗာပူး လူငယ်လေး တေလာ မော်တန်ဟာ နိုဝင်ဘာလရဲ့ ချန်ပီယံရှစ် တစ်လတာ အကောင်းဆုံး ကစားသမား (လူငယ်) ဆုကို ရရှိခဲ့ပါတယ်။
ကာဗာရိုရဲ့ အငှားကိစ္စက အခုချိန်ထိ သေချာသိရခြင်း မရှိသေးဘဲ လီဗာပူးဘက်ကတော့ ပွဲကစားခွင့်မရ ဖြစ်နေတဲ့ သူ့ကို ပြန်ခေါ်ယူလိုနေပါတယ်။