မနက်ဖြန်မှာတော့ အင်္ဂလန်ဒါဘီအဖြစ် ထင်ရှားတဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မယ့် ပွဲစဉ် ရှိနေပါတယ်။
အန်ဖီးကွင်းဟာ ဒီရာသီအတွက်ကော အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာပါ ပရိသတ် ဝင်ဆံ့မှု အများဆုံးအဖြစ် ၅၇၀၀၀ ထိကို ဒီပွဲမှာ ဝင်ခွင့်ပေးမှာပါ။ အန်းဖီးကွင်းရဲ့ ပရိသတ်ဝင်ဆံ့မှု အစစ်အမှန်ဖြစ်တဲ့ ၆၁၀၀၀ ထိကတော့ ၂၀၂၄ ဇန်နဝါရီ အကုန်မှပဲ ဧည့်ခံနိုင်ပါမယ်။
ဒီပွဲအတွက် ဆက်တန်ကတော့ ” လီဗာပူးအသင်း ပိုင်ဆိုင်ထားတဲ့ တိုက်စစ်ပိုင်း လူစာရင်းအရဆိုရင် သူတို့ သေချာပေါက် နိုင်နိုင်ပါတယ်။ ကျနော်ကတော့ ယူနိုက်တက်တို့ အခွင့်အရေး ရမယ်လို့ကို မထင်ပါဘူး။
ဘိုင်ယန်ပွဲမှာ မက်ဂွဲရားနဲ့ လုခ်ရှောတို့ ဒဏ်ရာရခဲ့တာက တန်ဟက်ရဲ့ အသင်းအတွက် ခက်ခဲစေပါတယ်။ ယူနိုက်တက်က ကောင်တာ-တိုက်စစ်ပဲ ကစားနိုင်မှာ ဖြစ်ပါတယ်။ လက်တလော ခြေစွမ်းတွေအရ သူတို့ တိုက်စစ်ကို ကြိုးစားပေးဖို့ အများကြီး တောင်းဆိုရလိမ့်မယ်။
ဂနာချိုရဲ့ မြန်နှုန်းတွေက လီဗာပူးရဲ့ ညာခြမ်းကို ပြဿနာတွေ ပေးနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဟွိုင်လန်းကတော့ ကောင်းတာလား ဆိုးတာလားကို မသိသေးပါဘူး။ ဒီရာသီ အမှတ်ပေးပွဲ ၁၆ ပွဲမှာ ယူနိုက်တက်က ၁၈ ဂိုးပဲ သွင်းထားနိုင်ပါတယ်။ သူတို့ လုံလောက်စွာ တိုက်စစ်ဆင်နိုင်ခြင်း မရှိပါဘူး။
ယူနိုက်တက်ဟာ ဇယားထက်ဝက်က အသင်းတွေကို အနိုင်ယူနိုင်စွမ်း မရှိပါဘူး။ အဲ့လို ပုံစံနဲ့ ဒီပွဲကို သူတို့ ဘယ်လို အနိုင်ရမလဲ? လီဗာပူးဆိုတာ ဇယားထက်ဝက်တင် မဟုတ်ဘူး ဇယားထိပ်မှာ တက်ထိုင်နေတဲ့ အသင်းဖြစ်ပါတယ်။ ” လို့ သုံးသပ်ခဲ့ပါတယ်။
ဒီပွဲအတွက် ဆက်တန် ခန့်မှန်းရလဒ်ကဆိုရင် Liverpool 4-0 Man United ပဲဖြစ်ပါတယ်။