ယူနိုက်တက် ပွဲမတိုင်ခင် ထူးခြား သတင်းတွေနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူးအသင်းရဲ့ ခက်ခဲတဲ့ သီတင်းပတ်ဟာ ဒီကနေ့မှာ စတင်မှာဖြစ်ပြီး ယူနိုက်တက်၊ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ကို အိမ်ကွင်းမှာ ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ယူနိုက်တက်ပွဲကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယားမှာ လီဗာပူးအသင်းဟာ လက်ရှိ ချန်ပီယံ မန်စီးတီးကို ၆ မှတ်ဖြတ်ထားနိုင်မှာပါ။

ဒီရာသီ လီဗာပူးအသင်း ဒီအခြေအနေကို ပြန်ရောက်လာတာဟာ ထရန့်ကြောင့်ဖြစ်ပြီး ကွင်းလယ်ကနေ သူ့ရဲ့ ပါဝင်ပေးနိုင်စွမ်းဟာ အသင်းကို အမြင့်ဆုံး ခြေစွမ်းတွေ ပြန်မြင်ရစေတယ်လို့ စကိုင်းစပေါ့က သုံးသပ်ပါတယ်။

နည်းပြတန်ဟက်က သူတို့အသင်းဟာ အန်ဖီးကွင်းကို ကြောက်ရွံ့နေခြင်း မရှိဘဲ မနှစ်က အမှားတွေကို သင်ခန်းစာယူပြီး အနိုင်ရအောင် ကစားပြမယ်လို့ ထုတ်ပြောလာပါတယ်။

လီဗာပူးတိုက်စစ်ကို ဆာလာ တစ်ဦးတည်း ထမ်းတင်ပေးနေရပြီး ဒီယက်ဇ်နဲ့ ဒါဝင်တို့ ဂိုးရနိုင်စွမ်း နည်းပါးနေကြောင်းနဲ့ ဒါကို အချိန်မှီ ပြင်ဆင်ဖို့လိုတယ်လို့ ထောက်ပြလာနေပါတယ်။

ဂျာမာန်သတင်းထောက်တွေက လီဗာပူးဟာ လေဗာကူဆင် ခံစစ်မှူး Piero Hincapie ကို ကင်းထောက်နေကြောင်း ဖော်ပြနေပြီး တရားဝင် စကားပြောမှုတော့ စတင်လာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မာတစ်က သူ ပင်နယ်တီ မကန်ဖူးဘူးလို့ ပြောခြင်းကို ကလော့ပ်က အံ့အားသင့်နေပြီး အသင်းသား အကုန် ပါဝင်ခဲ့ရတဲ့ ဖိုင်နယ် ပင်နယ်တီ ကန်သွင်းမှု ၂ ကြိမ်တောင် ရှိတာကို ဘာလို့ မကန်ရတာလဲလို့ ပြန်မေးခဲ့ပါတယ်။ မာတစ်က မကန်ခင်တိုင်း လူစားလဲခံခဲ့ရတာလေးလို့ ပြန်ဖြေခဲ့ပြီး ကလော့ပ်က အားရပါးရ ရယ်မောခဲ့ပါတယ်။