

မာကာဟာ ၂၀၂၄ မတိုင်ခင်ထိ ဘောလုံးပြန်ကစားနိုင်မှာ မဟုတ်ခြင်းကြောင့် အာဆင်နယ်ပွဲကိုလည်း လွဲချော်သွားဦးမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီရာသီမှာ ရသင့်တဲ့ အခြေအနေထက် ပိုရနေတာကြောင့် လူအများ စောင့်ကြည့်ခံလာရပြီး ဒီဖိအားကို ဆိုဘိုစလိုင်လို လူငယ်ကြယ်ပွင့်တွေ ခံနိုင်ရည် မရှိသေးဘူးလို့ မှတ်ချက်ပေးခံနေရပါတယ်။
မော်ရင်ညိုကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် မန်စီးတီး မဟုတ်ရင် လီဗာပူးပဲလို့ ထုတ်ပြောလာပါတယ်။
ဒီရာသီ ဒီယက်ဇ်ရဲ့ ခြေစွမ်းတွေဟာ အရင်နှစ်တွေကလို မဟုတ်ဘဲ ကစားသမားဟာ ဆော်ဒီဘက်က ကမ်းလှမ်းခံရမှုအပေါ် စိတ်ယိုင်နေသလားလို့ မေးခွန်းထုတ်မှု ထွက်ပေါ်နေပါတယ်။
၂၀၂၅ မှာ လုပ်မယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ပုံစံသစ်မှာ လီဗာပူးအသင်း ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ လီဗာပူးအသင်းက ၂၀၁၉ မှာ ချန်ပီယံလိဂ် အောင်မြင်ခဲ့ပြီး ဒီပြိုင်ပွဲကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ချန်ပီယံ အသင်းတွေက စပြီး ယှဉ်ပြိုင်ရမှာပါ။
ဆာလာကို လီဗာပူးနဲ့အပြိုင် ကြိုးစားကာ ချယ်ဆီးအသင်းထံ သူခေါ်ယူပေးခဲ့တာဖြစ်ပြီး ကစားသမားကို ပြန်ပြီး ရောင်းချခဲ့တာက သူ မဟုတ်ဘဲ ချယ်ဆီးအသင်းပဲ ဖြစ်တယ်လို့ နည်းပြမော်ရင်ညိုက ထုတ်ပြောလာပါတယ်။
လီဗာပူးအသင်းက ပြန်ခေါ်ခဲ့ရင် ကာဗာရိုဟာ ဇန်နဝါရီစျေးကွက်မှာ လိုက်ဇစ်နဲ့ စာချုပ် ဖျက်သိမ်းမှာဖြစ်ကာ ဖူလ်ဟမ်ထံ ထပ်မံ အငှားထွက်နိုင်ပါတယ်။
ဆဲလ်တစ်အသင်းမှာ ပုံမှန်ပွဲကစားခွင့်မရတဲ့ ခံစစ်မှူး နက်ဖီးလစ်ဟာ ဇန်နဝါရီမှာတော့ လီဗာပူးအသင်းထံ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။
ဒါဝင်ရဲ့ ခြေစွမ်းဟာ စိတ်ပူစရာဖြစ်ပြီး နယူးကာဆယ်ပွဲမှာ အံ့မခန်းလုပ်ပြခဲ့ပြီး အားလုံး မျှော်လင့်နေတဲ့ တိုက်စစ်မှူးမျိုး ဖြစ်လာမယ် ထင်ခဲ့ကြပေမယ့် အဲ့နောက်ပိုင်း ဂိုးရဖို့ ရုန်းကန်နေရတာက သိပ်မဟုတ်ဘူးလို့ ကွင်းလယ်လူဟောင်း ဒီဒီဟာမန်းက ထုတ်ပြောသွားပါတယ်။