ဒီည လီဗာပူးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ VAR ပါဝင်သွားမှာ မဟုတ်ပါဘူး။
မာကာရဲ့ ဒဏ်ရာဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ပွဲမှာ ကစားနိုင်မလား မသေချာသေးပါဘူး။ ဂရာဗင်ဘက်ချ်က အခြေအနေ ကောင်းမွန်နေပြီး ယူနိုက်တက်ပွဲမှာ လူစားလဲခဲ့တာက မှန်ကန်ခဲ့ပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်းဟာ ကြီး ၆ ကြီး ပြိုင်ဘက်တွေနဲ့ တွေ့ဆုံမှုမှာ နိုင်ပွဲ လုံးဝ မရှိထားပါဘူး။ ရာသီဝက်အတွက် နောက်ဆုံး ပြိုင်ဘက်အဖြစ် စနေနေ့ညမှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လူငယ် တိုက်စစ်သမား ဗန်ဒုတ်ဟာ ဒဏ်ရာ ခွဲစိတ်မှု ခံယူရမှာမို့ ရာသီကုန်ထိ အနားယူရပြီ ဖြစ်ပါတယ်။
ဇန်နဝါရီစျေးကွက် အပြီးမှာတော့ ဂျော့ရှမတ်ကီဟာ လီဗာပူးအသင်း အားကစားဒါရိုက်တာ ရာထူးကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ ကာရာဘောင်းပွဲမှာ ဂိုးသမားအဖြစ် ကလယ်ဟာ တာဝန်ယူမှာ ဖြစ်ပါတယ်။
လာလီဂါကလပ်တွေကို နှစ်သက်ပေမယ့် သူ့ရဲ့ အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားရဖို့ ဖြစ်ကြောင်း အန်ဒရေးက ထုတ်ပြောလာပါတယ်။ သူ့ကို လီဗာပူးဘက်က ဆက်ပြီး မကြိုးစားတော့တာကတော့ စိတ်ပျက်စရာပါပဲ။
ကင်းကင်နီဟာ သူ့ဘဝတစ်လျှောက်လုံး ဘောလုံးနဲ့ပတ်သက်လို့ ကြိုးစားအားထုတ်ပေးခဲ့မှုတွေအတွက် ဘီဘီစီကနေ Sports Personality of the Year Award ဆု ချီးမြင့်ခြင်း ခံခဲ့ရပါတယ်။
ဆိုဘိုစလိုင် ဒီတလော ခြေစွမ်းကျဆင်းနေတာကို နည်းပြအဖွဲ့ကလည်း သိရှိထားပြီး မကြာခင်မှာ သူ့ရဲ့ ပုံမှန် ခြေစွမ်းမျိုးတွေ ပြန်မြင်လာရအောင် ကူညီပေးသွားမယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ လူသစ်တွေ အများကြီး မခေါ်ယူရင်တောင် လက်တလော လှုပ်ရှားမှုတွေအရ အနည်းဆုံး တစ်နေရာတော့ သေချာပေါက် အားဖြည့်မယ်လို့ သုံးသပ်ခံလာရပါတယ်။