တိုက်စစ်မှာ ဂက်ပို၊ ကွင်းလယ်မှာ ဟာဗေးတို့ ပါဝင်လာနိုင်တဲ့ ဝက်စ်ဟမ်းပွဲ ဖြစ်လာဖွယ် ပွဲထွက် လူစာရင်း

ဒီကနေ့ည ဒါမှမဟုတ် ကြာသပတေးနေ့ မနက် ၂ နာရီခွဲမှာတော့ လီဗာပူးအသင်းက ကာရာဘောင်း ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီပွဲအပြီး ဒီအပတ် စနေ့နေ့ညမှာပဲ လီဗာပူးက အာဆင်နယ်ကို အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားဦးမှာပါ။ ဒါကြောင့် စီနီယာအချို့ကို အနားပေးကာ လူငယ်ကြယ်ပွင့် တချို့တလေ ပွဲထွက်နိုင်တယ်လို့ သုံးသပ်ရပါတယ်။

Team News

  • မာကာဟာ ၂၀၂၄ မှ ဘောလုံးပြန်ကစားနိုင်မှာဖြစ်ပြီး ဒီပွဲ မပါဝင်နိုင်ပါဘူး။
  • ဂရာဗင်ဘက်ချ် အခြေအနေ ကောင်းမွန်နေတယ်လို့ သိရပေမယ့် ဒီပွဲမှာ ပွဲထုတ်ဖို့ မသေချာပါဘူး။
  • ဗန်ဒုတ် ဒဏ်ရာရသွားလို့ ရာသီကုန်ထိ နားရပြီ ဖြစ်ပါတယ်။

Liverpool XI vs. West Ham

ဒီပွဲမှာ ဂိုးသမားအဖြစ် ကလယ်ဟာပဲ တာဝန်ယူမှာပါ။ ခံစစ်မှာတော့ ကိုနတေးကို အနားပေးမှာဖြစ်ပြီး ထရန့်လည်း အနားပေးခံရမယ်လို့ ယူဆရပါတယ်။ ဂိုးမက်စ်၊ ကွမ်းဆက်တို့ကို ဗန်ဒိုက်၊ ကိုစတက်တို့ဖြင့် တွဲဘက်ပေးမှာပါ။ ညာအစွန်အတွက် အခြား ရွေးချယ်စရာအဖြစ် ဘရတ်ဒလေ ရှိနေပါသေးတယ်။

ကွင်းလယ်မှာတော့ နံပါတ် ၆ နေရာ ရွေးချယ်နိုင်စရာ ရှားပါးနေပါတယ်။ အာဆင်နယ်ပွဲအတွက် အန်ဒိုကို အနားပေးမယ်ဆိုရင် ဒီပွဲမှာ ကာတစ်ဂျုံးကို ကွင်းလယ် အတွင်းလူနေရာက စမ်းသုံးပြီး သူ့ရှေ့မှာ ဆိုဘိုနဲ့ ဟာဗေးကို တွဲသုံးမှာ ဖြစ်ပါတယ်။

ဒါဝင်အပေါ် နည်းပြအဖွဲ့က စိတ်ပျက်နေခြင်း မရှိဘဲ အထောင်နေရာ ဆက်ထားကာ ဆာလာ၊ ဂက်ပိုတို့ဖြင့် တွဲဘက်ပေးဖွယ် ရှိပါတယ်။ ဒါဟာ ဒုတိယပိုင်းမှာ ဒါဝင်နဲ့ ဂက်ပိုထဲက တစ်ဦးကို ထုတ်ပြီး ဒီယက်ဇ်နဲ့ လူစားလဲစေလို့လည်း ရစေမှာ ဖြစ်ပါတယ်။