အယ်လီဆန်ကြောင့် သူတို့အသင် ရလဒ်ကောင်း မရခဲ့တာပါလို့ ဖူလ်ဟမ်နည်းပြ ဆေးဗားဟာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ခွင့်မပြုသင့်တဲ့ ဒါဝင်ရဲ့ ပင်နယ်တီကို ဒိုင်လူကြီးနဲ့ VAR တို့ ပေးလိုက်တာကြောင့် ၁-၀ နဲ့ ရှုံးခဲ့ရတာကိုတော့ ရှက်စရာပဲလို့ မှတ်ချက်ပေးသွားပါတယ်။
ဒါဝင်နူညက်စ်ဟာ ပြိုင်မြင်းတစ်ကောင်လို့ လျှင်မြန်လှသူဖြစ်ပြီး သူဟာ အသင်းတိုက်စစ်အတွက် ရွေးချယ်စရာကောင်းဖြစ်သလို ဆာလာနဲ့အတူ တိုက်စစ်မှာ တွဲဘက်ကစားနိုင်တယ်လို့ ကလော့ပ်က ချီးကျူးခဲ့ပါတယ်။
ဆာလာဟာ နည်းပြကလော့ပ်နဲ့ စကားပြောမှု ပြုလုပ်ခဲ့ပြီး အသင်းရဲ့ ပင်နယ်တီတွေကို ဆက်ပြီး တာဝန်ယူလိုတယ်လို့ တောင်းဆိုခဲ့တာကြောင့် ကွင်းထဲမှာ ပင်နယ်တီ ကန်သွင်းသူနေရာကို ဆက်ရနေခဲ့တာ ဖြစ်ပါတယ်။
ဖူလ်ဟမ်ပွဲမှာ ရခဲ့တဲ့ ပင်နယ်တီကို သဘောကျကြောင်း ကလော့ပ်က ထုတ်ပြောခဲ့ပြီး ကောင်တာ-တိုက်စစ်က ရလာတဲ့ အခွင့်အရေးကနေ ဒါဝင်က ပင်နယ်တီ အဖြစ် ပြောင်းလဲပေးခဲ့ကာ ဆာလာက အဆုံးသတ်ပေးခဲ့တယ်လို့ ကလော့ပ်က ချီးကျူးပါတယ်။
ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေး စကားပြောမှု ပြုလုပ်နေပြီဖြစ်ကာ ရာသီမကုန်ခင်မှာတင် အပြောင်းအရွှေ့ ကိစ္စ သဘောတူညီမှု ရသွားနိုင်ပါတယ်။
လီဗာပူးအသင်းဟာ ဘရိုက်တန်အသင်း ကွင်းလယ်လူ မက်အယ်လစ္စတာကို လာမယ့် သီတင်းပတ်တွေအတွင်း သဘောတူညီမှု ယူနိုင်တော့မယ်လို့ သိရပြီး မီလ်နာကတော့ လာမယ့်ရာသီ ဘရိုက်တန်ထံ ပြောင်းရွှေ့ ကစားနိုင်ပါတယ်။
သီယေဂိုဟာ ဒီရာသီ လီဗာပူးအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ပွဲပဲ ပွဲထွက်ပေးနိုင်ပြီး ဒဏ်ရာကြောင့် ကာလရှည် နားရမယ်လို့ သိရပါတယ်။
ကာဗာရိုဟာ လီဗာပူးမှာ အနာဂတ်ကောင်းတွေ ရှိနေတဲ့ ကစားသမားလို့ ကလော့ပ်က မြင်ထားဆဲဖြစ်ပြီး ဒီနွေမှာ အပြီးသတ် ရောင်းချတာထက် အငှား ကမ်းလှမ်းမှုတွေကို နားထောင်ပေးဖွယ် ရှိပါတယ်။