တိုက်စစ် အပြောင်းအလဲ လုပ်တော့မယ့် နည်းပြအဖွဲ့၊ ဘော်ဘီကို သက်တမ်းတိုးခြင်း၊ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဥရောပစူပါလိဂ် တည်ထောင်ခြင်းကို ယူအီးအက်ဖ်အေဘက်က ကန့်ကွက်မှု အရေးနိမ့်ခဲ့ပါပြီ။ လီဗာပူးအသင်းဟာ စူပါလိဂ် ဦးဆောင် တည်ထောင်သူတွေထဲ ပါဝင်ခဲ့ပေမယ့် တရားဝင် နှုတ်ထွက်ထားသလို ဒီကရှေ့လည်း ပြန်ပါဝင်သွားဖွယ် မရှိပါဘူး။

တိုက်စစ်မှာ ဒီယက်ဇ်ရဲ့ ခြေစွမ်း ကျဆင်းမှုကြောင့် အာဆင်နယ်ပွဲ တိုက်စစ်မှူး နေရာက ဂက်ပို ပွဲထွက်ပြီး ဒါဝင်ကို ဘယ်ခြမ်းကနေ ဆက်သုံးဖို့ နည်းပြအဖွဲ့က စဉ်းစားနေပါတယ်။

လီဗာပူး လူငယ်ကြယ်ပွင့်လေး ဘော်ဘီကလပ်ဟာ ကလပ်နဲ့ ကာလရှည် သက်တမ်းတိုး စာချုပ် လက်မှတ်ထိုးခဲ့ပါပြီ။

လီဗာပူးအသင်းဟာ ကွင်းလယ် နံပါတ် ၆ နေရာအတွက် ဖလူမီးနက်စ်အသင်းမှ အန်ဒရေကော၊ ဖူလ်ဟမ်အသင်းမှ ပါလင်ညာကိုပါ ခေါ်ယူမှာ မဟုတ်ဘူးလို့ သတင်းထောက် David Ornstein က ပြောပါတယ်။

လေဗာကူဆင် ခံစစ်မှူး Piero Hincapie ကို စိတ်ဝင်စားပေမယ့် ဇန်နဝါရီမှာ ချိတ်ဆက်လိုတဲ့ သဘောတွေ လီဗာပူးဘက်က မပြသပါဘူး။

စပို့တင်း ခံစစ်မှူး အန်နာဆီယိုကို လီဗာပူးအသင်း လိုချင်တယ်ဆိုရင် သူ့အတွက် စာချုပ်ပါကြေး ယူရို သန်း ၆၀ ပေးဖို့ကလွဲလို့ အခြားသော နည်းလမ်း မရှိပါဘူး။

ဒီယက်ဇ်၊ ဂက်ပိုတို့ကို ခေါ်ယူတုန်းကလိုပဲ ဇန်နဝါရီမှာ လီဗာပူးအသင်းက အံ့ဩသင့်ဖွယ်တွေ ဝင်ရောက် လုပ်ပြနိုင်ဆဲ ဆိုပေမယ့် အခုချိန်ထိတော့ ငြိမ်သက်နေပါတယ်။

အာဆင်နယ် တိုက်စစ်မှူး ထရော့ဇတ်က အန်ဖီးကွင်းမှာ ရမှတ် ဘယ်လို ယူရမလဲကို သူသိထားတယ်လို့ ထုတ်ပြောလာပါတယ်။

ဂန်းနားဂန္တဝင်ကြီး ဘားကမ့်ကတော့ ဒီရာသီ အာဆင်နယ်နဲ့အပြိုင် ပရီးမီးယားလိဂ် စိန်ခေါ်မယ့် အသင်းက လီဗာပူးပဲ ဖြစ်လာလိမ့်မယ်လို့ ထင်မြင်ချက် ပေးပါတယ်။