ဒီတစ်ခေါက် အန်ဖီးမှာ လီဗာပူးကို အနိုင်ကန်မယ်လို့ စိန်ခေါ်လာတဲ့ အာဆင်နယ် တိုက်စစ်သမား ထရော့ဆက်

အာဆင်နယ်အသင်း တိုက်စစ်မှူး ထရော့ဆက်က ဆယ်စုနှစ်ကြာအောင် နိုင်ပွဲ ယူနိုင်ခြင်း မရှိတဲ့ အန်ဖီးကွင်းမှာ ဒီတစ်ကြိမ်တော့ အနိုင် ၃ မှတ် ယူဖို့ ကြွေးကြော်လာပါတယ်။

၂၀၁၂ တည်းက ပရီးမီးယားလိဂ် နိုင်ပွဲ မရသေးတဲ့ အန်ဖီးကွင်းမှာ လီဗာပူးကို အနိုင်ယူဖို့ အာဆင်နယ်က ယုံကြည်မှု ရှိနေဖို့ လိုအပ်တယ်လို့ ဘယ်ဂျီယံသားက သူ့အသင်းဖော်တွေကို သတိပေးပါတယ်။

အန်ဖီးမှာ နိုင်ပွဲဖော်ဆောင်ဖို့ တောင့်တင်းတဲ့ လူစာရင်း ပိုင်ဆိုင်နေပြီဖြစ်ကြောင်းကို ထရော့ဆက်ကပဲ

“ လီဗာပူးက ကောင်းမွန်တဲ့ လူစာရင်းရှိတဲ့ အသင်းကောင်း တစ်သင်းပါ။ ဒီရာသီမှာ သူတို့က တိုးတက်လာနေဆဲဖြစ်ပြီး ကိစ္စတွေကို အကောင်းဆုံး လုပ်နေပါတယ်။

အန်ဖီးကွင်းက အမှတ်တွေရဖို့ရာ ကစားရခက်ခဲတဲ့ ကွင်းဖြစ်ပါတယ်။ ကျနော်တို့ ပွဲကို အကောင်းဆုံး ကြိုးစားကစားပြီး ရမှတ်တွေ ယူနိုင်ရမယ်။ အနိုင် ၃ မှတ် အပြည့်ရဖို့ မျှော်လင့်ထားပါတယ်။

ကျနော်တို့က အကောင်းဆုံး အခြေအနေမှာ ရှိနေပြီး ဒီပုံစံကောင်းကို ဆက်ထိန်းရမယ်။ အသင်းသားတိုင်း အကောင်းဆုံး ကစားနိုင်ရင် အန်ဖီးမှာ လီဗာပူးကို အနိုင်ယူနိုင်ပါတယ်။

ပွဲအဖြေကို ဆုံးဖြတ်ပေးနိုင်တဲ့ များပြားလှတဲ့ အကြောင်းတရားတွေ ရှိပေမယ့် အန်ဖီးမှာ ကျနော်တို့ အနိုင်ယူနိုင်စွမ်း ရှိကြောင်း ကိုယ့်ဘာသာ ယုံကြည်ထားရမယ်။ ဒီယုံကြည်မှုအတိုင်း အနိုင်ယူနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ပွဲကြိုမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအပတ် အန်ဖီးမှာ ဇယားထိပ်က နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ကြမှာပါ။ အနိုင်ရတဲ့ အသင်းက ခရစ္စမတ်ကာလ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာဖို့ ရှိနေတယ်။ သရေကျခဲ့ရင်တော့ အက်စတွန်ဗီလာအသင်း ကျော်ဖြတ်သွားမျိုး ဖြစ်လာနိုင်ပါတယ်။