

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁၂ နာရီ အန်ဖီးကွင်းမှာ လီဗာပူးနဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Team news
ဂရာဗင်ဘက်ချ် အဆင်ပြေပါတယ်။
မာကာနဲ့ ဂျိုတာတို့ ပြန်ကစားနိုင်ကြခြင်း မရှိသေးပါဘူး။ ဂျိုတာက အရင်ဆုံး ပြန်ကစားနိုင်ဖွယ် ရှိပြီး နယူးကာဆယ်ပွဲလောက် ပါဝင်လာနိုင်ပါတယ်။
ရော်ဘတ်ဆန် ပြန်ကစားနိုင်ဖို့ နီးစပ်နေပါပြီ။
Liverpool’s XI vs. Arsenal
လီဗာပူးအသင်းက ကြားရက်မှာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ကစားထားရပေမယ့် အာဆင်နယ်ကတော့ ပွဲမရှိလို့ တစ်ပတ်အပြည့် အနားရထားပါတယ်။ အသင်းဟာ ဝက်စ်ဟမ်းပွဲ လူစာရင်းကို အပြောင်းအလဲ လုပ်ရပါလိမ့်မယ်။
ဂိုးသမား အယ်လီဆန် ပြန်ပါလာပြီး ခံစစ်မှူးအတွဲအဖြစ် ဗန်ဒိုက်နဲ့ ကိုနတေးပဲ တာဝန်ယူမှာပါ။ ဘယ်ခြမ်းနဲ့ ညာခြမ်းမှာ ကိုစတက်နဲ့ ထရန့်တို့ ပွဲထွက်လာဖွယ် ရှိပါတယ်။ အကယ်လို့ နံပါတ် ၆ နေရာ ထရန့်ကို ပို့လိုရင်တော့ ဂိုးမက်စ်က ညာခြမ်း တာဝန်ယူပါမယ်။
ကွင်းလယ်မှာတော့ အန်ဒို၊ ဆိုဘိုနဲ့ ကာတစ်ဂျုံးတို့ ဖြစ်လာဖို့ ရှိပါတယ်။ တိုက်စစ်အတွက် ဒါဝင်ကို အနားပေးမလား စောင့်ကြည့်ရပါလိမ့်မယ်။ ဝက်စ်ဟမ်းပွဲမှာ ဒါဝင်က မိနစ် ၉၀ အပြည့် ပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဝင်၊ ဂက်ပို၊ ဆာလာအတွဲ ဖြစ်မယ်လို့ ထင်မိနေဆဲပါ။
ဒီပွဲကို အနိုင်ရတဲ့ အသင်းဟာ ခရစ္စမတ်ကာလ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ပြီး ရာသီဝက် ချန်ပီယံ ဖြစ်လာမှာမို့ ပြင်းထန်တဲ့ ပွဲကောင်း ဖြစ်လာနိုင်ပါတယ်။