အိုဒီဂတ်ရဲ့ လက်နဲ့ပုပ်ထုတ်မှုကို ပင်နယ်တီ ဘာကြောင့် မပေးသလဲ ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ ရှင်းလင်း

လီဗာပူး ၁-၁ အာဆင်နယ်ပွဲဟာ ပွဲကောင်းဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်က ဦးဆောင်ထားချိန် အသင်းရသင့်တဲ့ ပင်နယ်တီ ဖြစ်ရပ် တစ်ခုက ငြင်းဆန်ခံခဲ့ရပါတယ်။

ဆာလာက ပြိုင်ဘက် ကစားသမား အိုဒီဂတ်ကို ကျော်ပြီး ဘောလုံးထုတ်ရာမှာ ရှေ့ထွက်သွားမယ့် ဘောလုံးကို ဂန်းနားအသင်းခေါင်းဆောင် လက်နဲ့ထိခဲ့တာ မဟုတ်ဘဲ လက်နဲ့ သိသိသာသာ ပုပ်ပြီး ဟန့်တားခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးက သူ့လက်နဲ့ ဟန့်တားခဲ့တာကြောင့် ရှေ့ကို မထွက်တော့ဘဲ သူ့နား ကျန်ရစ်ခဲ့ပါတယ်။

လီဗာပူး ကစားသမားတွေနဲ့ ပရိသတ်တွေက ဒီဖြစ်ရပ်ကို လက်ထိဘောအဖြစ် အော်ဟစ်ပေမယ့် ပွဲက အရှိန်ရနေတာမို့ ခံစစ်ပြန်ဆင်ဖို့ နောက်ကို ပြန်ဆင်းလာခဲ့ရပါတယ်။ အဲ့ဖြစ်ရပ်ကို VAR ဒိုင်တွေက နောက်ကနေပဲ ကြည့်ခဲ့ပြီး ပင်နယ်တီ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီပွဲကို ကြည့်နေကြတဲ့ ဂန်းနားဟောင်း ဝဲကော့ အပါအဝင် ကစားသမား များစွာကတော့ ပင်နယ်တီ ပေးသင့်တဲ့ဖြစ်ရပ်မှာ အိုဒီဂတ် ကံကောင်းခဲ့တယ်လို့ ဝန်ခံခဲ့ကြတယ်။

ပွဲအပြီးမှာ PGMOL က လက်ထိဘောနဲ့ ပတ်သက်လို့ ” ဒါက သိသာထင်ရှားတဲ့ ဖြစ်ရပ် မဟုတ်ပါဘူး။ အိုဒီဂတ်ရဲ့ လက်က ဘောလုံးကို ရည်ရွယ်တာ မဟုတ်ဘဲ လဲကျသွားတဲ့ ခန္ဓာကိုယ် အလိုက် ရွေ့လျားသွားခဲ့တာပါ။ ” ဆိုပြီး ရှင်းလင်းလာခဲ့ပါတယ်။

နည်းပြကလော့ပ်ကတော့ ဒါဟာ ရှင်းရှင်းလင်းလင်း ပင်နယ်တီ ပေးရမယ့် ကိစ္စပါလို့ တုန့်ပြန်ခဲ့သေးတာ ဖြစ်ပါတယ်။