ဂျိုတာ၊ ဒီယက်စ်၊ ရော်ဘတ်ဆန်တို့ရဲ့ ဒဏ်ရာ အခြေအနေ၊ ဘယ်ခြမ်းအတွက် အတည်ပြုခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဂျိုတာဟာ တစ်ဦးချင်း လေ့ကျင့်ရေးတွေ ပြင်းပြင်းထန်ထန် လုပ်နိုင်နေပြီဖြစ်ပေမယ့် အသင်းလိုက် လေ့ကျင့်ရေး မလုပ်ရသေးတာမို့ ဘန်လေပွဲတော့ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

ဒီယက်စ်ရဲ့ ဒဏ်ရာက မပြင်းထန်ပါဘူး။ ဒါပေမယ့် ဒူးမှာချည်း ထပ်ထပ် ဒဏ်ရာရတာမို့ လူစားလဲလိုက်တာဖြစ်သလို ဘန်လေပွဲအတွက် အနားပေးသွားဖွယ် ရှိပါတယ်။

ဘန်လေပွဲမှာ ဘယ်အစွန်လူအဖြစ် ဂိုးမက်စ်ကို ထုတ်သုံးမယ့်အကြောင်း နည်းပြကလော့ပ်က အတည်ပြုပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ဇန်နဝါရီလ အကုန်လောက်မှ ဘောလုံး ပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီအတောအတွင်း ဂိုးမက်စ်အပြင် လုခ်ချမ်ဘာ၊ စကန်လွန်တို့ကို ဘယ်ခြမ်းအတွက် သုံးနိုင်ပါတယ်။

ဘယ်ခြမ်းအတွက် အရေးကြီးလာမယ်ဆိုရင် စကော်တလန်ကလပ် Dundee အသင်းထံ အငှားချထားတဲ့ ဘယ်အစွန်လူ အိုဝင်ဘက်ကို ရာသီဝက်မှာ ကလပ်ထံ ပြန်ခေါ်ယူနိုင်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ချယ်ဆီး၊ စပါး၊ ယူနိုက်တက်၊ အာဆင်နယ်တို့ကို အနိုင်ရခဲ့ခြင်း မရှိပါဘူး။ အဆိုပါပွဲတွေမှာ ပြိုင်ဘက်ကစားသမားတွေဟာ ဧရိယာထဲ သိသိသာသာ လက်ထိမှု တစ်ကြိမ်စီ ရှိခဲ့ကြပြီး စပါးပွဲမှာတော့ ဒီယက်စ်ရဲ့ သွင်းဂိုးကပါ ပယ်ချခံခဲ့ရပါတယ်။

လီဗာပူးပွဲထွက်လူစာရင်းမှာ သေချာပေါက် ပါခွင့်ရသင့်သူက ဒါဝင်ဖြစ်တယ်လို့ ကာရေဂါက မြင်ပါတယ်။ ဥရုဂွေး တိုက်စစ်မှူးဟာ သွင်းဂိုးတွေမှာ ရုန်းကန်ရပေမယ့် အသင်းဂိုးရဖို့ ဖန်တီးပေးနိုင်ပြီး ပြိုင်ဘက်တွေကို ဖြိုခွင်းနိုင်စွမ်း ရှိတယ်လို့ ကာရေဂါက ထောက်ပြပါတယ်။

လီဗာပူးအသင်းက ပီအက်စ်ဗီ တောင်ပံသမား ဘာကာယိုကို ကို အပြောင်းအရွှေ့ စာရင်းထဲ ထည့်ထားတယ်လို့ အသံထွက်နေပါတယ်။

အာဆင်နယ်ပွဲအတွင်း ကွင်းလယ် နံပါတ် ၆ နေရာမှာ ဝါတာရုရဲ့ ခြေစွမ်းကို မြင်ပြီးနောက် လီဗာပူးပရိသတ်တွေက ဂျပန်လက်ရွေးစင်အပေါ် အထင်ကြီးမှုတွေ တိုးပွှားလာနေပါတယ်။