

ပြီးခဲ့တဲ့ အပတ်တုန်းက နည်းပြကလော့ပ်ကပဲ ဘိုဝင်ဟာ လီဗာပူး ကစားသမား မဟုတ်တဲ့ သူအကြိုက်ဆုံး ကစားသမားဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ကာရာဘောင်း ကွာတားဖိုင်နယ်ပွဲ မတိုင်ခင်တုန်းက “ ဝက်စ်ဟမ်းက ပြန်ကောင်းလာနေပါပြီ၊ ဥရောပမှာလည်း နောက်အဆင့် တက်ထားပါတယ်။ တကယ်ကို အထင်ကြီးစရာပါပဲ။ ဒဏ်ရာ ပြဿနာတွေကိုလည်း ကောင်းကောင်း ဖြေရှင်းထားနိုင်တယ်။
အန်တိုနီယို မရှိချိန် ဘိုဝင်က သူ့နေရာကနေ ပိုတောင် ကောင်းလာနေပါတယ်။ ကျနော် ကစားသမားတွေ အားလုံးကလွဲလို့ အကြိုက်ဆုံး ကစားသမားက ဘိုဝင်ပါပဲ။ သူလုပ်နေတာနဲ့ သူတိုးတက်လာတာတွေ မြင်ရတာ ကောင်းပါတယ် ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဆာလာနေရာ ရေရှည် အစားထိုးဖို့ ဘိုဝင်ကို စောင့်ကြည့်မှုတွေ အများကြီး လုပ်ခဲ့ဖူးတာပါ။ အသက် ၂၇ အရွယ် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်နေတာပါ။
ဝက်စ်ဟမ်းအသင်း အားကစားဒါရိုက်တာ မက်နိုဘယ်ကို သတင်းထောက်တွေက ကလော့ပ်ရဲ့ ပြောဆိုမှုက ဘိုဝင်ရဲ့ ဝက်စ်ဟမ်း အနာဂတ်အပေါ် သက်ရောက်မှု ရှိနိုင်လားလို့ မေးခွန်းထုတ်ခဲ့ကြတယ်။
နိုဘယ်ကပဲ “ ရိုးရိုးသားသား ပြောရရင် ကလော့ပ် ထုတ်ပြောတာက ကျနော်ကို စိတ်မပူစေပါဘူး။ ဘိုဝင်က ပြီးခဲ့တဲ့လကပဲ ကျနော်တို့ အသင်းနဲ့ ကာလရှည် သက်တမ်းတိုးထားတာပါ။
လီဗာပူးနဲ့ ယာဂင်ကလော့ပ်တို့က ဘိုဝင်ရဲ့ အမာခံ ပရိသတ်တွေဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က သူ့အသင်းမှာ ဘိုဝင်ကစားတာကို အမြဲတမ်း မြင်လိုတဲ့သူ ဖြစ်ပါတယ် ” လို့ တုန့်ပြန်ခဲ့ပါတယ်။