ဘန်လေနဲ့ပွဲမှာ အန်ဒိုနဲ့ ဒါဝင်တို့ အဝါကဒ် ထိမယ်ဆိုရင် နှစ်သစ်ကူးနေ့ နယူးကာဆယ်နဲ့ပွဲကို လွဲချော်ပါမယ်။ သူတို့ နှစ်ဦးလုံးက ဒီရာသီ အဝါကဒ် ၄ ကြိမ်စီ ပြသခံထားရပါပြီ။
ဂျိုတာဟာ ဒီည ဘန်လေပွဲမှာ အရန်လူစာရင်းကနေ ပါဝင်လာနိုင်တယ်လို့ သိရပေမယ့် ဆေးအဖွဲ့ဘက်က မီးစိမ်းပြတာကို စောင့်ရပါလိမ့်မယ်။
ကလော့ပ်က ဘိုဝင်ကို အရမ်း သဘောကျကြောင်း ထုတ်ပြောပေမယ့် အင်္ဂလန်သားကို စာချုပ်သစ် ချုပ်ထားတာမို့ စိတ်မပူမိဘူးလို့ ဝက်စ်ဟမ်း အားကစားဒါရိုက်တာ နိုဘယ်က ဆိုပါတယ်။
လီဗာပူးအသင်းက ယူနိုက်တက်၊ အာဆင်နယ်တို့ကို ၂ ပွဲဆက်တိုက် သရေကျခဲ့တာဟာ မဆိုးလှတဲ့ ရလဒ်ဆိုပေမယ့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာတော့ အာဆင်နယ်က တစ်ပန်းသာသွားခဲ့ပြီလို့ ကာရေဂါက သုံးသပ်ပါတယ်။
ခရစ္စမတ် အထူးအစီအစဉ်အဖြစ် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေဟာ မသန်စွမ်း အသင်းပရိသတ်ငယ် တစ်ဦးကို အက်ဆာထံ ခေါ်ယူပြီး နွေးထွေးစွာ ဆက်ဆံခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်တွေမှာ အတော်လေး ပေါက်နေပါတယ်။
An emotional way to start your Christmas 🥹
Here’s Dáire’s story… and a special day he’ll never forget ❤️ pic.twitter.com/NNDIjbcLAp
— Liverpool FC (@LFC) December 25, 2023
လီဗာပူးပရိသတ်တွေကတော့ ၂၀၁၈ ခရစ္စမတ်ကာလမှာ ဗန်ဒိုက်ကို ရောက်လာခြင်းဟာ ဇန်နဝါရီ စျေးကွက်အတွင်း အသင်းရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ယခုတိုင် လက်ခံထားကြဆဲ ဖြစ်ပါတယ်။
လေဗာကူဆင်နည်းပြ ဇာဗီ အလွန်ဆိုက သူဘောလုံးကစားခဲ့တုန်းက သူ့အပေါ် လွှမ်းမိုးမှု ရှိခဲ့တဲ့ ကွင်းလယ်လူဟာ လီဗာပူးအကျော်အမော်ဟောင်း ဂရေမီ ဆောင်းနက်ဖြစ်တယ်လို့ ထုတ်ပြောလာပါတယ်။ သူ့ရဲ့ ဖခင်ကလည်း ဆောင်းနက်ကို အရမ်း နှစ်သက်တယ်လို့ အလွန်ဆိုက ပြောပြလာတာပါ။
ပေါ်တူဂီ သတင်းထောက်တွေကတော့ လီဗာပူးအသင်းနဲ့ စပို့တင်းအသင်းတို့ဟာ ခံစစ်မှူး အန်နာဆီယို အပြောင်းအရွှေ့ ကိစ္စ စကားပြောနေပြီး ခံစစ်မှူးကို ခေါ်ယူရေးဟာ လီဗာပူးရဲ့ ဦးစားပေးလို့ ဖော်ပြနေပါတယ်။