ဘန်လေပွဲ ပယ်ဖျက်ခံလိုက်ရတဲ့ ဂိုးတွေထဲက ၁ ဂိုးကို ပေးသင့်ပြီး ၁ ဂိုးကို မပေးတာ မှန်ကန်ကြောင်း ဒိုင်လူကြီးဟောင်း ကလန်တန်ဘက်ချ်ဆို

လီဗာပူးနဲ့ ဘန်လေပွဲမှာ ဂက်ပိုနဲ့ ဟာဗေးတို့ရဲ့ သွင်းဂိုး ၂ ဂိုးဟာ ပယ်ဖျက်ခံလိုက်ရပြီး တစ်ကြိမ်ကတော့ ဂိုးပေးခဲ့သင့်တာလို့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မက်ကလက်တန်ဘက်က သုံးသပ်လာပါတယ်။

ပရီးမီးယားလိဂ်မှာ VAR နဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက် အမှားတွေ များပြားလာတာနဲ့အတူ ဒိုင်လူကြီးဟောင်းတွေကလည်း ဘောလုံး သုံးသပ်မှုတွေမှာ ရှုထောင့်တစ်ဘက်ကနေ ပါဝင်ဆွေးနွေးမှုတွေ လုပ်လာနေကြပါတယ်။

Amazon Prime ရဲ့ ရှိုးကနေပဲ ဒိုင်လူကြီးဟောင်း ကလက်တန်ဘက်က ဘန်လေ vs လီဗာပူးပွဲ ဖြစ်ရပ်တွေကို အခုလို ပါဝင် ဆွေးနွေးသွားပါတယ်။

” ကျနော်ကတော့ ပေါလ်တီယာနေးက ပွဲကို အကောင်းဆုံး ကိုင်တွယ်ခဲ့တယ်လို့ မြင်ပါတယ်။ သူ့ရဲ့ ပစားပေးမှုကြောင့် လီဗာပူးတို့ ဒုတိယဂိုး ရသွားတာသေးတာ ဖြစ်ပါတယ်။ ဂက်ပိုရဲ့ဂိုးမှာတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျနော် သဘောမတူပါဘူး။

ဘန်လေခံစစ်သမားရဲ့ တုန့်ပြန်မှုကို ကြည့်မယ်ဆိုရင် သူက လက်ကို ခေါင်းထိ မြောက်ထားတာပါ။ နူးညက်စ်ရဲ့ အရှေ့မှာလည်း ရှိနေတာပါ။ အခြား ရှုထောင့်ကို ပြန်ကြည့်ရင်တော့ နူးညက်စ်က သူနဲ့ ထိတွေ့မှု ရှိခဲ့တယ် မထင်ပါဘူး။ အဲ့တာက ဖောင်းဖြစ်ခဲ့တယ်လို့ ကျနော် မထင်ပါဘူး။

ပေါလ်တီယာနေးက ဖောင်းအဖြစ် ထားခဲ့ရင်တောင်မှ VAR က ဒါကို စစ်ဆေးပေးရမယ့် သူ့အလုပ်ကို မလုပ်ခဲ့တာလား။ VAR ဒိုင်က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံပြီး ဂိုးကို ပယ်ဖျက်ခဲ့တာက မဖြစ်ခဲ့သင့်ပါဘူး။

အဲ့ဖြစ်ရပ်ကို ကျနော်တော့ လက်မခံဘူး။ အကောင်းဆုံး ဆုံးဖြတ်ချက်က ဘောလုံး ဆက်ကစားတာကို လက်ခံပြီး ဂိုးပေးလိုက်ဖို့ပါ လုံလောက်တဲ့ ထိတွေ့မှု မရှိခဲ့ဘဲ ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့တာလို့ ခံယူပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ဟာဗေးရဲ့ ပိတ်ချက်ကို ဘန်လေ ဂိုးသမား ထရတ်ဖိုဒ့် မကာကွယ်နိုင်ခဲ့ပေမယ့် ဘောလုံးလာရာ လမ်းကြောင်းမှာ ဆာလာ ရှိနေတာက လူကျွံဘောအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

လီဗာပူးဘက်က ဆာလာ တွန်းခံရတာကို ထောက်ပြကြပေမယ့် ဒိုင်လူကြီးရဲ့ သွင်းဂိုး ပယ်ဖျက်ခြင်းကို လက်ခံပေးလို့ရတယ်လို့ ကလက်တန်ဘက်က အခုလို ရှင်းပြသွားပါတယ်။

” ဒီဂိုးအတွက် နှစ်ဘက်လုံးရဲ့ အမြင်ကို ကျနော် နားလည်ပါတယ်။ ဒိုင်ကျတော့လည်း ဘောလုံးစည်းမျဉ်းအတိုင်း လူကျွံ အခြေနေမှာ ဆာလာရှိနေတာမို့ လူကျွံဘော လုပ်ခဲ့တာပါ။ ဆာလာက လူကျွံ အနေအထား ဖြစ်သွားအောင် တွန်းခံရလားဆိုရင်တော့ ဟုတ်ပါတယ် တွန်းခံလိုက်ရပါတယ်။

ဆာလာဖြစ်ရပ်ကို ပင်နယ်တီ ပေးသင့်လားဆိုရင် မပေးသင့်ပါဘူး။ လက်တွေ့ကျကျမှာ ဆာလာက လူကျွံအနေအထားကို ရောက်နေတယ်။ အယ်လီးယော့ရဲ့ ကန်ချက်ကို ဂိုးသမား မမြင်မယ့် လိုင်းမှာလည်း သူရှိနေခဲ့ပါတယ်။

မိုဆာလာက လူကျွံ အခြေအနေမှာ ရှိနေပြီး ဂိုးသမားရဲ့ မြင်ကွင်းကို ကွယ်နေမိခဲ့တာမို့ လူကျွံဘောပေးလိုက်တာကို ကျနော် နားလည်ပါတယ်။ ဒါကြီးကို စခရင်ကနေ သွားကြည့်ရတာမို့ ဒီလို ဆုံးဖြတ်ပေးဖို့ ပိုလွယ်သွားတာပါ ” လို့ ရှင်းပြသွားပါတယ်။

ပရီးမီးယားလိဂ် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ တစ်ပုံစံတည်း တည်ငြိမ်မှု မရှိဘဲ ပုဂ္ဂိုလ်အလိုက် မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာခြင်းဟာ များစွာ ဝေဖန်ခံနေရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။