အာဖရိကနဲ့ အာရှ ဖလားပွဲတွေကြောင့် အန်ဒိုနဲ့ ဆာလာတို့ လွဲချော်သွားမယ့် လီဗာပူး ပွဲစဉ်များ

ဒီအပတ် လီဗာပူးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ ပွဲအပြီးမှာ မိုဆာလာနဲ့ ဝါတာရု အန်ဒိုတို့ဟာ အာဖရိကဖလားပွဲနဲ့ အာရှဖလားပွဲတွေအတွက် လက်ရွေးစင် အသင်းတွေဖြင့် စတင် ပူးပေါင်းကြမှာ ဖြစ်ပါတယ်။

ဒီတလောမှာ သူတို့ ၂ ဦးဟာ လီဗာပူးရဲ့ ပွဲစဉ်တိုင်းကို ပုံမှန် ပွဲထွက်ပေးနေကြသူတွေပါ။ အန်ဒိုနေရာ မကြာခင် မာကာ အစားဝင်လာဖို့ရှိပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၆ ဂိုး သွင်းထားတဲ့ ဆာလာနေရာကိုတော့ ဂျိုတာ ဒါမှမဟုတ် ဟာဗေးတို့ဖြင့် အစားထိုးသွားဖွယ် ရှိနေပါတယ်။

အာဖရိကဖလား အရေးကြီး ရက်စွဲများ

  • အုပ်စုအဆင့် စတင်ရက် – ဇန်နဝါရီ ၁၃
  • အုပ်စုအဆင့် ပြီးမယ့်ရက် – ဇန်နဝါရီ ၂၄
  • ရှုံးထွက်ပွဲများ – ဇန်နဝါရီ ၂၇ မှ ၃၀ ရက်
  • ကွာတားဖိုင်နယ် – ဖေဖော်ဝါရီ ၂ မှ ၃ ရက်
  • ဆီမီးဖိုင်နယ် – ဖေဖော်ဝါရီ ၇ ရက်
  • တတိယနေရာလုပွဲ – ဖေဖော်ဝါရီ ၁၀ ရက်
  • ဖိုင်နယ် – ဖေဖော်ဝါရီ ၁၁ ရက်

အာရှဖလား အရေးကြီး ရက်စွဲများ

  • အုပ်စုအဆင့် စတင်ရက် – ဇန်နဝါရီ ၁၂ ရက်
  • အုပ်စုအဆင့် ပြီးမယ့်ရက် – ဇန်နဝါရီ ၂၅ ရက်
  • ရှုံးထွက်ပွဲများ – ဇန်နဝါရီ ၂၈ မှ ၃၁ ရက်
  • ကွာတားဖိုင်နယ် – ဖေဖော်ဝါရီ ၂ မှ ၃ ရက်
  • ဆီမီးဖိုင်နယ် – ဖေဖော်ဝါရီ ၆ မှ ၇ ရက်
  • ဖိုင်နယ် – ဖေဖော်ဝါရီ ၁၀ ရက်

ဆာလာနဲ့ အန်ဒိုတို့ လွဲဖွယ်ရှိတဲ့ လီဗာပူးအသင်းရဲ့ ပွဲစဉ်များ

ဇန်နဝါရီလ ၇ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလား အဝေးကွင်းပွဲစဉ်။

ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား အိမ်ကွင်းပွဲစဉ် ပထမအကျော့။

ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်။

ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား အဝေးကွင်းပွဲစဉ် ဒုတိယအကျော့။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်။