

မနက်က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို ၀-၂ ဖြင့် ရှုံးနိမ့်သွားခဲ့တာကြောင့် ရာသီဝက်အပြီးမှာ လီဗာပူးအသင်းဟာ အမှတ်ပေးဇယားကို ၂ မှတ်အသာဖြင့် စတင် ဦးဆောင်နေပြီ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းပွဲမှာ အာဆင်နယ်အသင်း အငြင်းပွားစရာ VAR ဆုံးဖြတ်ချက် အချို့ကို ရင်ဆိုင်နေရတာကိုကြည့်ပြီး လီဗာပူးပရိသတ်တွေကတော့ ပြီးခဲ့တဲ့ အန်ဖီးပွဲမှာ ဒိုင်တွေက အာဆင်နယ်ကို ကူခဲ့ကြတာ မဟုတ်ဘဲ တကယ်တမ်းမှာ မန်စီးတီး အသာရစေမယ့် ဆုံးဖြတ်ချက်ကို လုပ်ပေးနေတာလို့ မှတ်ချက်ပေးကြပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ခံစစ်အကောင်းဆုံး အသင်းဟာ လီဗာပူးအသင်း ဖြစ်လာခဲ့ကာ ပေးဂိုး ၁၆ ဂိုးပဲ ရှိထားတာဖြစ်ပါတယ်။
ကိုစတက်ရဲ့ ဒဏ်ရာဟာ အကောင်းမြင်စရာ အခြေအနေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာကြောင့် အနည်းဆုံး ၆ ပတ်ကတော့ အနားယူရဦးမှာပါ။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ လီဗာပူးပွဲစဉ်ကို VAR ဘက်က ဆုံးဖြတ်ခဲ့တဲ့ လက်မခံနိုင်စရာ ဖြစ်ရပ်တွေကို အသင်းပရိသတ်တွေက အောက်ပါအတိုင်း ဗီဒီယို အတိုလေး စုစည်းထားပါတယ်။
Liverpool and VAR / Officiating – 23/24
Corruption.
— CF Comps (@CF_Compss) December 28, 2023
ဒဏ်ရာ ပြဿနာတွေ များပြားနေတဲ့ စပါးအသင်းဟာ ဇန်နဝါရီမှာ လီဗာပူး ခံစစ်မှူး ဂိုးမက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေပါတယ်။
လီဗာပူးအသင်းဟာ ကလပ်အတွက် ၃၅ ပွဲ ပွဲထွက်ထားနိုင်တဲ့ ဒါဝင် နူးညက်စ်အတွက် စာချုပ်ပါအတိုင်း ပြောင်းရွှေ့ကြေး ပေါင် ၄.၃ သန်း ထပ်ပေးခဲ့ပြီဖြစ်လို့ စုစုပေါင်း ပေါင် ၇၂.၆ သန်းထိ ပေးချေထားပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ ဘုန်းမောက်အသင်းကြားမှာ တိုက်စစ်မှူး ဆိုလန်ကီကို အလိုရှိက ပြန်လည် ဝယ်ယူခွင့် သဘောတူညီချက် အခုချိန်ထိ အသက်ဝင်နေဆဲလို့ သိရပါတယ်။ ဆိုလန်ကီဟာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၂ ဂိုး ရထားပါတယ်။
စီးရီးအေ သတင်းတွေကတော့ လီဗာပူးအသင်းဟာ အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို စိတ်ဝင်စားနေဆဲဖြစ်ကြောင်း ဖော်ပြပါတယ်။
လီဗာပူးနဲ့ နယူးကာဆယ်ပွဲကို ကွင်းလယ်ဒိုင်အဖြစ် အန်တိုနီ တေလာ တာဝန်ယူမှာဖြစ်ကာ VAR ဒိုင်အဖြစ် Stuart Attwell ဖြစ်ပါမယ်။