အလွန်ဆို ပြောတဲ့ မာဆေးဆိုဒ်၊ အင်္ဂလန် ပြန်ရောက်လာနိုင်တဲ့ ဖာမင်နို၊ ကွမ်းဆက် ပါဖွယ် မရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

နယူးကာဆယ်ပွဲအပြီး ဆာလာနဲ့ အန်ဒိုတို့ မရှိတော့မယ့် ပွဲစဉ်တွေအတွက် အသင်း အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ ပြင်ဆင်ရမှာဖြစ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။

ဂျိုတာဟာ ဘောလုံးဉာဏ်ရည် သိပ်မြင့်တဲ့ ကစားသမားဖြစ်ပြီး သူ့လို လူကို ပေါ်တူဂီတို့ ပိုင်ဆိုင်ထားတာက ကောင်းချီးပေးခံရခြင်းလို့ နည်းပြကလော့ပ်က ချီးကျူးပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ ဂိုးထောက်ပံ့မှု အများဆုံး ကစားသမား ၂ ဦးက လီဗာပူးအသင်းသားတွေ ဖြစ်ကြပြီး ဆာလာ (၁၅ ကြိမ်) နဲ့ ထရန့် (၁၃) ကြိမ်တို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းက တစ်ဦးချင်း လေ့ကျင့်ရေး ပြုလုပ်နေပြီဖြစ်တဲ့ သီယေဂိုကို အလျင်စလို ပွဲထုတ်လာဖို့ မရှိဘဲ အကောင်းဆုံး ကြံ့ခိုင်မှုရဖို့ အချိန်ပေးဖို့ ပြင်ဆင်ထားပါတယ်။

နယူးကာဆယ်ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ ကွမ်းဆက် မပါလာပါဘူး။ ကိုနတေး ပါဝင်သွားခဲ့တာမို့ ပြင်သစ်ခံစစ်မှူးက ပွဲထွက်လာဖွယ် ရှိပါတယ်။

နယူးကာဆယ်ပွဲဟာ အာဖရိကဖလားပွဲ မတိုင်ခင် လီဗာပူးအတွက် ဆာလာ နောက်ဆုံး ကစားပေးမယ့် ပွဲစဉ် ဖြစ်တယ်လို့ နည်းပြကလော့ပ်က အသိပြုပါတယ်။

ဇန်နဝါရီမှာ ရော်ဘတ်ဆန်နဲ့ သီယေဂိုတို့ အသင်းလိုက် လေ့ကျင့်ရေးထဲ ပြန်ပါကြမှာ ဖြစ်ပေမယ့် ရက်အတိအကျကို ကလပ်ဘက်က ထုတ်ဖော်ခြင်း မရှိပါဘူး။

Opta ရဲ့ စူပါကွန်ပျူတာကတော့ အာဆင်နယ်ကို ကျော်ပြီး လီဗာပူးက ပရီးမီးယားလိဂ်ဖလား ရနိုင်ချေ ပိုများတယ်လို့ တွက်ချက်လာပါတယ်။ ဒါပေမယ့် ရေပန်းအစားဆုံးကတော့ မန်စီးတီးဖြစ်နေဆဲပါ။

ပရီးမီးယားလိဂ်ကလပ် ရှက်ဖီးယူနိုက်တက်က လီဗာပူးတိုက်စစ်မှူးဟောင်း ဖာမင်နိုကို ဆော်ဒီကလပ်ကနေ ခေါ်ယူလိုနေပါတယ်။

ဇာဗီအလွန်ဆိုဟာ သူ့ရဲ့ စာအုပ်ထဲမှာ မာဆေးဆိုဒ်ဒါဘီရဲ့ ပြင်းထန်မှုနဲ့ ကမ္ဘာ့အနှံ့ ဘယ်နေရာရောက်ရောက် လီဗာပူးသားတွေရဲ့ လေသံကို သူအမြဲတမ်း အမိဖမ်းနိုင်မှု အကြောင်း ထည့်တွင်းရေးသားခဲ့ပါတယ်။