ယူနိုက်တက်ကို ၇ ဂိုးပြတ် နိုင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကို နှုတ်ဆက်သော မှတ်တမ်း မှတ်ရာတွေနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက အကျိတ်အနယ် ရှိလွန်းပြီး ပိုကောင်းတဲ့ လီဗာပူးက ဇယားထိပ်မှာ ရှိနေတာပါလို့ စတင်ကာ ဖိအားပေးလာနေပါတယ်။

၂၀၂၃ ခုနှစ် တစ်ခုလုံး အီတီဟက်မှာ မန်စီးတီးတို့ ရှုံးပွဲမရှိခဲ့ပါဘူး။ အင်္ဂလန်လိဂ်မှာ အဲ့လို တစ်နှစ်လုံး ရှုံးပွဲမရှိ လုပ်နိုင်တာဆိုလို့ ကလော့ပ်ရဲ့ လီဗာပူး (၂၀၁၉) နဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးပဲ ရှိဖူးပါတယ်။

ပထမရာသီဝက်အတွက် Opta ရဲ့ အကောင်းဆုံးအသင်း ထွက်ပေါ်လာရာမှာ လီဗာပူးမှ အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ ပါဝင်လာပါတယ်။

၂၀၂၃ ဖေဖော်ဝါရီလမှာ လီဗာပူးအသင်းဟာ အဆင့် ၁၀ ထိ ကျဆင်းခဲ့ချိန် သတင်းထောက်တွေက အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးဖို့ ယုံကြည်ချက်ရှိလား မေးခံရချိန် ကလော့ပ်က သိပ်သေချာတာပေါ့ လို့ တုန့်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ ပေါင်းခြင်းဟာ ၇ ဖြစ်ပြီး ဒါဟာ မန်ချက်စတာ ယူနိုက်တက်ကို ၇-၀ ဖြင့် အနိုင်ရတဲ့ ခုနှစ်အဖြစ် နှစ်ပေါင်း ၇၀ လောက် လူတိုင်း အမှတ်ရဖို့ လွယ်စေလိမ့်မယ်လို့ လီဗာပူးပရိသတ်တွေက နှစ်ဟောင်းကို နှုတ်ဆက်နေကြပါတယ်။

လီဗာပူးအသင်းဟာ မနှစ်တုန်းက ကလော့ပ်လက်ထက် အဆိုးရွားဆုံး ဘောလုံးရာသီကို ရင်ဆိုင်ခဲ့ရကာ ပြိုင်ပွဲစုံမှာ ၁၄ ပွဲထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရာသီမှာ ကလော့ပ်ရဲ့ ခေတ်ကို အဆုံးသတ်ပေးမယ် ကြွေးကြော်ပြီး အင်္ဂလန်ကို ရောက်လာတဲ့ တန်ဟက်ရဲ့ ယူနိုက်တက်က ဒီဇင်ဘာမှာတင် ၁၄ ပွဲ ရှုံးနိမ့်ထားပါပြီ။

အပြောင်းအရွှေ့ သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ ပါလင်ညာအတွက် ပေါင် သန်း ၆၀ မသုံးလိုတာ သေချာနေခဲ့ပြီလို့ ထုတ်ဖော်ပါတယ်။

ကွမ်းဆက်က ဘာသဘောမှ မပါဘဲ ပြောဆိုခဲ့ခြင်းလို့ မိမိနားလည်ပေမယ့် မာတစ်ကို လေးစားမှုပိုပေးဖို့ ဗန်ဒိုက်က သတိပေးပါတယ်။ ကွမ်းဆက်က မာတစ် ဒဏ်ရာရနေလို့ သူကစားခွင့်တွေ ပိုရလာတာကို ကျေနပ်တယ်လို့ ပြောဆိုခဲ့တာကြောင့် ဝေဖန်ခံရမှု ရှိနေတာပါ။

ကယ်ဗင်ရမ်ဆေးဟာ ပရီစတန်အသင်းမှာ အငှားသွားကစားနေပြီး ကြံ့ခိုင်မှု ပြန်ကောင်းလာပေမယ့် ပွဲထွက်နေရခြင်း မရှိတော့ပါဘူး။