

လီဗာပူးအသင်းကတော့ ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က လီဗာပူးနဲ့ ဘရန့်ဖို့ဒ်တို့ ပွဲစဉ် အတွက် ခုလို သုံးသပ် ခန့်မှန်းလာပါတယ်။ ဆက်တန်ကတော့ ထူးထူးခြားခြား အိမ်ရှင် လီဗာပူး ရှုံးလိမ့်မယ် လို့ ဆိုလာပါတယ်။
” လီဗာပူးအသင်းရဲ့ တိုက်စစ်ကတော့ လတ်တလောမှာ လုံးဝ ကြွေတက်နေတာပါ။ သူတို့ တိုက်စစ်လိုင်းကို ကျနော် တကယ် အားရ သဘောကျမိတယ်။
နောက်ရာသီ ချန်ပီယံလိဂ် ကစားခွင့် ရဖို့ သူတို့ လက်ကျန် ပွဲတိုင်းကို အနိုင် ကစားမှပဲ အခွင့်အရေး ရှိနိုင်ပါမယ်။ ဒါပေမယ့် နည်းပြ ယာဂင်ကလော့ပ် ကိုယ်တိုင်တောင်မှ ဒါ သိပ် မဖြစ်နိုင်တော့ဘူး ခံစားမိနေမှာပါ။
ပြောရရင် သူတို့ ဘရန့်ဖို့ဒ်ကိုတောင် အနိုင် ကစားနိုင်မယ်လို့ ကျနော် မထင်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘရန့်ဖို့ဒ်က တလောက နည်းနည်း ခြေလှမ်းပျက်ခဲ့ပေမယ့် အခု ပုံစံကောင်း ပြန်ရနေပုံပါ။
ပြီးခဲ့တဲ့ အပတ်က နော့တင်ဟမ် ဖောရက်စ်ကို ပြန်လိုက်ကစားပြီး အနိုင်ယူနိုင်ခဲ့တာ က သူတို့ အနားမယူသေးဘူး ဆိုတဲ့ အချက်ပေးမှု ဘရန့်ဖို့ဒ်က လုပ်လိုက်သလိုပါပဲ။ သူတို့က ဒီရာသီ အသင်းကြီးတွေကို စိတ်ပျက်အောင် လုပ်နိုင်နေကြလည်း ဖြစ်နေတယ်။
ဇန်နဝါရီတုန်းက ဘရန့်ဖို့ဒ်ဟာ လီဗာပူးကို အနိုင်ရဖို့ ထိုက်တန်ခဲ့တာပါ။ ဒီအပတ် ပွဲမှာလည်း တူညီတဲ့ ရလဒ်ပဲ ထွက်ဖို့ ကျနော် မှန်းချင်တယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၁-၂ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။